




သက်တံ့
၂၃. ၁. ၂၀၂၆
ဒီနေ့ည ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ One Friday Fights 139 က မြန်မာဖိုက်တာ လေးဦးပါဝင်တဲ့ပွဲမှာ ပထမဆုံး မြန်မာဖိုက်တာ ကျော်စွာဝင်းက ဂျပန်ဖိုက်တာ မူဂါဆီတိုကို ပထမအချီမှာ ဖိထိုးပြီး နှစ်ချီအမှတ်စဉ်ရေခံရအောင် ထိုးသတ်နိုင်ခဲ့သလို ဒုတိယအချီ တစ်မိနစ်မပြည့်ခင် အလဲထိုးနိုင်ခဲ့တဲ့အပြင် ဆလိုင်းထန်ခွီးရှိန်ကလည်း ပြိုင်ဘက်ကို ဒုတိယအချီ စက္ကန့် ၂၀ မပြည့်ခင် အလဲထိုးအနိုင်ယူပြီး ဘတ် ၃၅၀၀၀၀ စီ ဆုကြေးရယူခဲ့ပေမဲ့ ဒီ ပီတိတွေက ကြာရှည်မတင့်တယ်ခဲ့ပါဘူး။
ဒီနေ့ ထိုင်းမှာကျင်းပတဲ့ One 139 မှာ မြန်မာလေးပွဲပါပြီး ကျော်စွာဝင်း၊ နေရိုင်း၊ ဆလိုင်းထန်ခွီးရှိန်တို့ပွဲတွေအပြီး ခေါင်ပွဲက သံမဏိစိုးလင်းဦးပါ။
ပထမပွဲမှာ မြန်မာဖိုက်တာ ကျော်စွာဝင်းက ဂျပန်ဖိုက်တာ မူဂါဆီတိုကို ဒုတိယအချီမှာ အလဲထိုးပြီး ဘတ် ၃၅၀၀၀၀ ဆွတ်ခူးခဲ့သလို ဆိုင်ထိုးခဲ့တဲ့ မူဂါဟာ ကျော်စွာဝင်းကို ဘယ်လိုမှမယှဉ်နိုင်ဘဲ အလဲလဲအကွဲကွဲဖြစ်ခဲ့တာပါ။
ဒီညမှာ ကျော်စွာဝင်း အဖွင့်လှခဲ့ပေမဲ့ ဒုတိယပွဲနေရိုင်းက ခွန်ဆက်ခ်ကို အလဲထိုးမရှုံးခဲ့တာ ကံကောင်းလို့ဖြစ်ပြီး ကြံခိုင်မှုမယှဉ်နိုင်တဲ့ပွဲမှာ နေရိုင်းက ခွန်ဆက်ခ်ကို ပြေးဖက်နေရတဲ့အပြင် ကံကောင်းလွန်းလို့ အမှတ်နဲ့ ရှုံးတာပါ။
ဒါပေမဲ့ တတိယပွဲ ယော့ဥဒွန်နဲ့ ဆလိုင်းထန်ခွီးရှိန်ပွဲမှာ ဆလိုင်းက နေရိုင်းရဲ့ မရိုင်းရဲတဲ့ ပျော့ညံ့မှုကို မြန်မာတွေ မာပါတယ် သက်သေပြဖို့ ယော့ဥဒွန်ကို ဒုတိယအချီ စက္ကန့်ပိုင်းနဲ့ အလဲထိုး အနိုင်ယူပြီး ဘတ် ၃၅၀၀၀၀ ဆုနဲ့ သိက္ခာ ပြန်ဆယ်ပေးခဲ့ပါတယ်။
အဲဒီလို မြန်မာသုံးပွဲမှာ နှစ်ပွဲ ဘတ် ၃၅၀၀၀၀ ဆုကြေး။ တစ်ပွဲ အမှတ်ရှုံးအခြေအနေမှာ သံမဏိစိုးလင်းဦးက အေးဆေးအနိုင်မှန်းကြတာကို ခေါင်ပွဲမှာ သားလောက်ရှိတဲ့ ဝိုရာပွန်ကို စိုးလင်းဦးရဲ့ တလွဲမာနနဲ့ဇရာက အလဲထိုးအဖြစ် ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ပါတယ်။
ဝိုရာပွန်က ၂၃ နှစ်သားဖြစ်ပြီး တက်သွေးစမ်းစ ပညာမစုံသေးဘဲ စိုးလင်းဦးက သမ္ဘာရင့်ဝါရင့် ၄၀ တန်း ဝင်ပါ။ စိုးလင်းဦးက သူ့ထိုးသတ်ပွဲသမိုင်းမှာ အလဲထိုးမကျဖူးတဲ့ သန်မြန်တုန်း အရွယ်ပေမဲ့၊ ဝိုရာပွန်ထက် သမ္ဘာရော ဝါရော ပြင်းအားမြင့်သူတွေပါ သုံးချီ စိတ်ကြိုက်ကန်တာထိုးတာတောင် အလဲမကျခဲ့သူပေမဲ့ ဒီနေ့ခေါင်ပွဲမှာ သားအရွယ်နုနယ်တဲ့ ဝိုရာပွန်ကို စိုးလင်းဦးက မာဂုဏ်နဲ့ လျှော့တွက်ခဲ့တာပါ။ စိုးလင်းဦး ပေါ့ပေါ့ဆဆထိုးပြီး ပထမအချီ ဝိုရာပွန့်ကန်ချက် မိတာကို တံတောင်နဲ့ကာရင်း လက်နှစ်ဖက်ဘေးချ ခေါင်းဘယ်ညာယမ်းပြီး ထပ်ကန်လို့ အမူအယာပြချိန် ဝိုယာပွန်က ဒုန်းကနဲအကန် သံမဏိစိုးလင်းဦး နားအုံနဲ့ ခေါင်း တွဲအကန်ခံရပြီး မာပါတယ်လို့ မူယာမာယာတောင် များချိန်မရ ကြမ်းပေါ် အတောင့်လိုက်အကျမှာ အလဲထိုးနဲ့ ဒိုင်ပွဲရပ်လိုက်ရတာပါ။ ဒါက စိုးလင်းဦးဘဝ သံမဏိဆိုတာ ဆုံးခန်းရပ် ကန်ချက်ပါ။ တစ်ခါမှ ဒီလိုမကျဖူးဘဲ ကျပြီး စင်ပေါ်တောင် မတ်မတ် မရပ်နိုင်လို့ တွဲထုတ်ရတဲ့အပြင် ဝိုရာပွန်ကို ဘတ် ၃၅၀၀၀၀ ဆုကြေးဆွတ်ခူးခွင့်ပါ ပေးလိုက်ရပါသေးတယ်။
ပြည်တွင်းပြည်ပပွဲတွေ စိုးလင်းဦး အနှစ် ၂၀ နီးနီး နွှဲခဲ့တဲ့အထဲ ဒီနေ့ ခေါင်ပွဲမှာ စိုးလင်းဦးဟာ သားအရွယ်ကလေးငယ်ကို ပေါ့ဆမိတာနဲ့ သူ့ဇရာဟာ ကျော်စွာဝင်းနဲ့ ထန်ခွီးရှိန်ရဲ့ အနိုင်နဲ့ ဘတ် ၃၅၀၀၀၀ စီရတဲ့ အောင်မြင်မှု သိက္ခာပါ တက်နင်းသွားတယ်လို့ပဲ…. ။
