







၁၅.၁.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အခြေခံအလွှာ ၁၀ လွှာရှိ ရုပ်ရှင်လောကသားတွေအဖို့ ၁၇ ကြိမ်မြောက် ဆန်၊ ဆီနဲ့ စားသောက်ကုန်ထောက်ပံ့ရေးအတွက် အနုပညာလောကသားတွေ၊ ထုတ်လုပ်ရေးတွေနဲ့ စေတနာရှင်တွေက ပါဝင်လှူဒါန်းနေလျက်ရှိပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ တကယ်ခက်ခဲပြီး လိုအပ်နေတဲ့ အခြေခံအလွှာ ၁၀ လွှာကို ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေ လှူဒါန်းလာတာဆိုရင် ၁၇ ကြိမ်မြောက်ရှိပါပြီ။ ခုလို ကိုယ့်လောကသား အချင်းချင်း လိုအပ်နေချိန်မှာ ဖေးမကူညီကြတဲ့အပေါ်မှာလည်း ပီတိဖြစ်ရပါတယ်။ လာမယ့် ဇန်နဝါရီ ၂၂ ရက်ကနေ ၂၄ ရက်နေ့အထိကို ရက်အလိုက် ဆန်၊ ဆီ စားသောက်ကုန်တွေကို လှူဒါန်းမှာပါ။ စေတနာရှင်တွေက ပါဝင် လှူဒါန်းကြလို့လည်း လှူဒါန်းတာတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်လာနိုင်ခဲ့တာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။









အဆိုပါ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ၁၇ ကြိမ်မြောက် ဆန်၊ဆီနဲ့ စားသောက်ကုန်တွေ လှူဒါန်းမှု အတွက် အနုပညာရှင်တွေ၊ ထုတ်လုပ်ရေးတွေနဲ့ စေတနာရှင်တွေဖြစ်တဲ့ အကယ်ဒမီနေတိုး မိသားစုက ကျပ် သိန်း ၃၀၊ အကယ်ဒမီ မြင့်မြတ်နဲ့ ဇနီးခင်သူအောင်တို့က ကျပ်သိန်း ၃၀၊ အကယ်ဒမီ ရန်အောင်က ကျပ် ၁၀ သိန်း၊ နေမျိုးအောင်က ကျပ် ၃ သိန်း၊ သူရိယက ကျပ် ၁၀ သိန်း၊ ကျော်ထက်ဇော်က ကျပ် ၁၀ သိန်း၊ ရတနာဗိုလ်က ကျပ်သိန်း ၃၀ ၊ အကယ်ဒမီ မေသန်းနုနဲ့ အကယ်ဒမီ စိုးမြတ်သူဇာတို့က ကျပ် ၅ သိန်း၊ အေးဝတ်ရည်သောင်းက ကျပ်သိန်း ၃၀၊ မမဆောင်းက ကျပ် ၁၀ သိန်း၊ မှူးထိပ်ထားက ကျပ် ၂ သိန်း၊ ခိုင်ခင်ဦးက ကျပ် ၃ သိန်း၊ ဇော်ရှိုင်းထက်က မွေးနေ့အလှူအနေနဲ့ ကျပ် ၁၅ သိန်း၊ နာယကကြီး ဦးအောင်လွင်က ကျပ် ၃ သိန်း၊ မေခရုပ်ရှင်ထုတ်လုပ်ရေးက ကျပ် ၅ သိန်း၊ ကိုထွန်းမင်းက ကျပ် ၂ သိန်း၊ နေမင်းသွင်က ကျပ် ၂ သိန်း၊ စနိုးကြည်ဖြူက ကျပ်၂ သိန်း၊ ဂီတမှူးကိုစိုးနဲ့ အကယ်ဒမီမလုံတို့က ကျပ် ၁ သိန်း၊ Triple Six ရုပ်ရှင်ထုတ်လုပ်ရေးက ကျပ်သိန်း ၅၀၊ Cloud 7 Production က ကျပ်သိန်း ၃၀၊ ဥမ္မာဖြိုး@အကြိုင်က ကျပ် ၃ သိန်း၊ Show Like Application က ကျပ် ၁၀ သိန်း၊ ဇော်ထက်အောင်@ကောင်းထက်က ကျပ် ၅ သိန်း၊ ကောင်းသန့်စင်က ကျပ် ၃ သိန်း၊ ယွန်းသီရိက ကျပ် ၂ သိန်း ၊ အိမ့်မှူးသွယ်အောင်က ကျပ် ၃ သိန်း စသလို ပါဝင်လှူဒါန်းနေလျက်ရှိကြပါတယ်။
