




၁၅.၁.၂၀၂၆
Written by Linn Eain
၇၄ ကြိမ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို ဇန်ဝါရီ ၁၅ ရက်၊ နံနက် ၁၀ နာရီက စတင်၍ ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာတွင် ကျင်းပခဲ့သည်။
ကယားပြည်နယ်နေ့ အထမ်းအမှတ်ပွဲတော်ကို ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ၉ ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကန္တရဝတီလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးတင်မောင်မြင့်က ” ရန်ကုန်မှာ ကယားပြည်နယ်နေ့အထိမ်းအမှတ်ပွဲကို ၉ ကြိမ်မြောက်အဖြစ် ၂၀၂၀ နောက်ပိုင်း ပထမဆုံးပြန်ကျင်းပတာဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကယားပြည်နယ်က တိုင်းရင်းသားတွေစုစည်းပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှူနဲ့ ကန္တရဝတီလူမှုကူညီရေးအသင်းက ဦးဆောင်ကျင်းပတာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။





ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက် နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ကန္တရဝတီအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးဘိုးသင်းက အခမ်းအနားကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကယားတိုင်းရင်းသာများက အကပဒေသာများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တက်ရောက်လာသူများကို ကယားရိုးရာဒေသအစားစာများဖြင့် ပြန်လည်တည်ခင်း ဧည့်ခံခဲ့သည်။
ကယားပြည်နယ်နေ့ကို နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပကြပြီး ကယားပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသားများအတွက် အရေးပါသောနေ့လည်းဖြစ်သည်။
