နေမိုး
၁၅. ၁. ၂၀၂၆
မြင်းခြံပြည်သူ့စစ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဦးစိန်လွင်ကို မြင်းခြံ PDF အဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း (တောင်သာ) အဖွဲ့က ဖမ်းမိထားတယ်လို့ သိရပါတယ်။
ဦးစိန်လွင်ဟာ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်ရဲ့ ခင်ပွန်းဖြစ်ပြီး ကိုယ်ပိုင်အမှတ်- လပခ(ပသစ)/၁၈၆၁၇” ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့က မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း (တောင်သာ) တပ်ခွဲ (၂) PDF တွေက မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရရှိခဲ့တယ်လို့ NLD အမတ်ဟောင်း ဝိုင်းချစ်အောင်က ဒီမနက်မှာ ထုတ်ပြန်ဖော်ပြထားပေမယ့် ၂၀၀ မပြည့်တဲ့မူးယစ်ဆေးတွေက PDF တွေသုံးစွဲပြီး ဦးစိန်လွင်ကို ချောက်ချ နာမည်ဖျက်ထားတာလား၊ အစစ်အမှန်လားဆိုတာကိုတော့ MT News က အတည်မပြုနိုင်ပါဘူး။
NUG နဲ့ PDF တွေကို ထောက်ခံတဲ့ ပြည်ပြေး Exile Media တွေမှာတော့ ဦးစိန်လွင်နဲ့အတူ အမျိုးသမီးနှစ်ဦးပါ ဖမ်းမိခဲ့ကြောင်း သတင်းလိမ်လည်ဖော်ပြနေပေမဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း (တောင်သာ) တပ်ခွဲ (၂) PDF တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ဖော်ပြထားတာ မတွေ့ရသလို မြင်းခြံ PDF ဒုခေါင်းဆောင်မင်းသားကြီးကလည်း ငြင်းဆိုထားတာ တွေ့ရပါတယ်။





