၁၀.၁.၂၀၂၆
Translated by Htwe Ko Tun
ဘူလ်ဂေးရီးယား အကြားအမြင်နတ်ဆရာမဖြစ်တဲ့ ဘာဘာဗန်ဂါက ၂၀၂၆ ခုနှစ်မှာ လူသားတွေဟာ တခြား ဂြိုဟ်သားတွေနဲ့ ပထမဆုံးစတင်ထိတွေ့မှုဖြစ်လာမှာနဲ့အတူ တတိယကမ္ဘာစစ်က စတင်မယ်လို့ ဟောကိန်းထုတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဘာဘာဗန်ဂါရဲ့ ဟောကိန်းတွေဟာ လူမှုကွန်ရက်အသုံးပြုသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။
ပြင်သစ်တွေရဲ့ နက္ခတ္တဗေဒပညာရှင် နော့စထရာဒါးမတ်စ်နဲ့ နှိုင်းယှဉ်ပြီး ‘ဘော်လကန်တွေရဲ့ နော့စထရာဒါးမတ်စ်’ လို့ မကြာခဏ ရည်ညွှန်းပြောကြားခံရတဲ့ ဘူလ်ဂေးရီးယား အကြားအမြင်နတ်ဆရာမ ဘာဘာဗန်ဂါ ဟာ ၉/၁၁ တိုက်ခိုက်မှု၊ မင်းသမီးဒိုင်ယာနာ သေဆုံးမှုနဲ့ တရုတ်နိုင်ငံရဲ့ တိုးတက်ထွန်းကားလာမှုလိုမျိုး အဓိက ကမ္ဘာ့ဖြစ်ရပ်တွေကို တိကျစွာ ဟောကိန်းထုတ်နိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ဟောကြားချက်တွေကို ယုံကြည်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ဘာဘာဗန်ဂါက ၁၉၉၆ ခုနှစ်က အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူမရဲ့ ဟောကိန်းတွေက စိတ်ဝင်စားစရာကောင်းတဲ့ အရင်းအမြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ အခုဆိုရင် New York Post သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်အရ ဘာဘာဗန်ဂါဟာ ၂၀၂၆ ခုနှစ်မှာ တတိယကမ္ဘာစစ် စတင်မယ်လို့ ခန့်မှန်းခဲ့ပြီး လူသားတွေရဲ့ ဂြိုဟ်သားတွေနဲ့ ပထမဆုံးတွေ့ဆုံမှုကိုလည်း ဒီနှစ်ထဲမှာဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
“လူသားတွေဟာ ဂြိုဟ်သားတွေနဲ့ ထိတွေ့မိပြီး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ဒါမှမဟုတ် ကမ္ဘာပျက်ကိန်းကို ဖြစ်ပေါ်စေနိုင်တယ်” လို့ သူမက သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလကပဲ 3I/ATLAS လို့ အမည်ပေးထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာဝတ္ထုတစ်ခု ကမ္ဘာနဲ့ အနီးဆုံးကိုရောက်အောင် ချဉ်းကပ်လာတာ ရှာဖွေတွေ့ရှိမှုနဲ့ ဒီသတိပေးမှုက ဆက်စပ်နေတယ်လို့ဆိုကြပါတယ်။
တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးမှုနဲ့ ရုရှားနဲ့ အမေရိကန်ကြား တင်းမာမှုတွေ အပါအဝင် လက်ရှိ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြားမှာ ဘာဘာဗန်ဂါရဲ့ တတိယကမ္ဘာစစ်နဲ့ ပတ်သက်တဲ့ ဟောကိန်းဟာ အကောင်အထည် ပေါ်လာနိုင်တယ်လို့ တချို့က ပြောဆိုကြပါတယ်။
ဘာဘာဗန်ဂါရဲ့ဟောကိန်းမှာ တတိယကမ္ဘာစစ်ဟာ ဒီနှစ်မှာ စတင်မယ်လို့ ဆိုထားပေမယ့် လူသားတွေကို ပျောက်ကွယ်သွားအောင်တော့ မဖြစ်နိုင်ဘူးဆိုပါတယ်။ သူမရဲ့ ယခင်ဟောကိန်းတွေမှာ လူသားတွေရဲ့ ဆုတ်ယုတ်မှုဟာ ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပြီး ကမ္ဘာကြီးဟာ ၅၀၇၉ ခုနှစ်မှာ တရားဝင် အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ ဘာဘာ ဗန်ဂါရဲ့ ဟောကိန်းတွေမှာ မြေငလျင်ကြီးတွေ လှုပ်ခတ်ခြင်း၊ ဥရောပမှာ စစ်ပွဲတစ်ခုနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကပ်ဘေးတစ်ခုအပြင် လူသားတွေရဲ့ ကျဆုံးမှု စတင်ခြင်းတွေ ပါဝင်ပါတယ်။
Ref-NDTV
