




၄.၁.၂၀၂၆
Written By Thandar
နေပြည်တော်မှာ ကျင်းပမယ့် ၂ဝ၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ဆုဗန်းကိုင်မယ့် ရွှေကြိုမောင်မယ်တွေ နောက်ဆုံးအဆင့်ကို လာမယ့် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ နောက်ဆုံးအဆင့် ရွှေကြိုပြိုင်ရမယ့် ရွှေကြိုမောင်မယ်တွေ အနေနဲ့ ၁၀ ရက်နေ့မှာ အပိုင်း နှစ်ပိုင်းခွဲ ကျင်းပသွားမှာပါ။ တချို့ တတိယအဆင့် အထိ မပါလာတဲ့ ရွှေကြိုမောင်မယ်တွေအနေနဲ့ စိတ်အားမလျော့ဘဲ လာမယ့် နှစ်တွေမှာ ဆက်ကြိုးစားပိုင်ခွင့်တွေရှိပါတယ်။ ကလေးတွေကလည်း လျှောက်လှမ်းမယ့် အနုပညာလောကရဲ့ သမိုင်းအကြောင်းအရာတွေကို အကောင်းဆုံးလေ့လာပြင်ဆင်ထားဖို့လည်း ပြောချင်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တတိယအဆင့် ရွေးချယ်ခံထားတဲ့ ရွှေကြိုမောင်မယ် ၅၈ ဦးကို အပိုင်းနှစ်ပိုင်းခွဲပြီး ရွေးချယ်ပွဲ ကျင်းပမှာလည်း ဖြစ်ပါတယ်။
အဆိုပါ တတိယအဆင့် ရွေးချယ်ခံထားတဲ့ ရွှေကြိုမောင်မယ် အယောက် ၅၈ ဦးက ပထမပိုင်းအစီအစဉ်အနေနဲ့ နံနက် ၈ နာရီကနေ နေ့လယ် ၁၂ နာရီအထိ လျှောက်လွှာအမှတ်စဉ် 0296 ကနေ 0138 အထိ တစ်ပိုင်း၊ ဒုတိယပိုင်းအစီအစဉ်အနေနဲ့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ လျှောက်လွှာအမှတ်စဉ် 0135 ကနေ 0003 အထိ ယှဉ်ပြိုင်ကြရမှာလည်း ဖြစ်ပါတယ်။
ရွှေကြိုပြိုင်ပွဲနောက်ဆုံးအဆင့်မှာတော့ ရွှေကြိုမောင်မယ်တွေကို Voting စနစ်နဲ့ ရွေးချယ်မှုတွေလည်း လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။
