၄.၁. ၂၀၂၆
Written by MMAK
◾ လိဒ် Vs မန်ယူ
တန်းတက်လိဒ်က နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲမရှိထားဘဲ လေးပွဲသရေနဲ့ နှစ်ပွဲအနိုင်ရထားပါတယ်။ ဒီရလဒ်တွေက သိပ်ထူးဆန်းမနေဘူးဆိုပေမဲ့ ချဲလ်ဆီးနဲ့ပဲလေ့စ်ကို အနိုင်ရပြီး လီဗာပူးအသင်းကို နှစ်ကျော့လုံး သရေကစားနိုင်ခဲ့သလို အိမ်ကွင်းကောင်းပါတယ်ဆိုတဲ့ ဘရန့်ဖို့နဲ့ ဆန်းဒါးလန်းကို သရေကစားထားနိုင်တဲ့ လိဒ်အသင်းရဲ့ ခြေစွမ်းက ကောင်းလွန်းနေပါတယ်။ မန်ယူနောက်တန်းမှာ ဒီလစ်၊ မက်ဂွိုင်းယားတို့ မပါနိုင်သလို ကွင်းလယ်မှာ ဖာနန်ဒက်စ်နဲ့ တိုက်စစ်ပိုင်းမှာ အမ်ဘူမိုနဲ့ အာမက်တို့လို့ အဓိကကျတဲ့ ကစားသမားတွေ မပါနိုင်တာကြောင့် ရှိတဲ့လူနဲ့ အဆင်ပြေသလို ကစားနေရတာမျိုး တွေ့ရတယ်။ ဒီအချက်တွေကြောင့် မန်ယူအသင်းက အထက်ကြေးပေးနိုင်တာမျိုး မတွေ့ရဘဲ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်နေပါတယ်။ ဒီရာသီမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့ဟာ ခြေစွမ်းနဲ့ ရလဒ်ပိုင်း သိပ်မကောင်းတဲ့ အသင်းတွေလို့ ပြောလို့ရသလို ပေါက်ကြေးအရဆိုရင်လည်း ကွာခြားချက် သိပ်မများပါဘူး။ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့က လိဒ်အသင်းကို အထက်ကြေးတွေပေးခဲ့ပြီး ကြေးမအောင်ခဲ့တာကြောင့် လက်ရှိခြေစွမ်းအကောင်းဘက် ရောက်နေတဲ့ လိဒ်ကို ကြေးကြောမပေးထားနိုင်တဲ့ မန်ယူအသင်းက အနိုင်ရဖို့မလွယ်ကူဘူးလို့ သုံးသပ်ပါတယ်။ အိမ်ကွင်းကောင်းသလို စိတ်ဓာတ်ပိုင်း မြင့်မားနေတဲ့ လိဒ်အသင်းကို ကြိုက်ပါတယ်။
◾ မန်စီးတီး Vs ချဲလ်ဆီး
မန်စီးတီးက ကြားရက်မှာ ဆန်းဒါးလန်းအသင်းနဲ့ သရေကျခဲ့ပြီး အာဆင်နယ်နဲ့ လေးမှတ်ပြတ်သွားခဲ့တာကြောင့် အခုကစားမဲ့ အိမ်ကွင်းပွဲမှာ ထပ်အမှားခံလို့ မရပါဘူး။ ဒီအချိန်မှာ ချဲလ်ဆီးအသင်းက တိုင်ပတ်နေပြီး နည်းပြမာရက်စကာ နဲ့ ထိပ်ပိုင်းက လူကြီးတွေ အဆင်မပြေတာကြောင့် နုတ်ထွက်သွားခဲ့ပြီး U21 နည်းပြက ဒီပွဲကို ကိုင်တွယ်သွားဖို့ ရှိပါတယ်။ ကွင်းလယ်မှာ ကိုင်စီဒိုက ပွဲပယ်ခံထားရသလို ဘယ်နောက်ခံလူ ကူကူရယ်လာလည်း မပါနိုင်တာကြောင့် ဒီအခြေအနေတွေနဲ့ မန်းစီးတီးကွင်းမှာ ဘာမှ လုပ်ပြနိုင်ဖို့မလွယ်ပါဘူး။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီပေါက်ကြေးက မန်စီးတီးအသင်း အနိုင်သေချာနေပြီး ဂိုးပြတ်မလား မပြတ်ဘူးလားဘဲ ကြည့်ရမယ် ထင်ပါတယ်။ အိမ်ကွင်းအရမ်းကောင်းသလို ရိုဒရီ ပြန်ပါလာတဲ့ မန်စီးတီးကွင်းလယ်က ချဲလ်ဆီးအသင်းကို ကောင်းကောင်းဖိအားပေးနိုင်ပြီး လိုအပ်တဲ့ ဂိုးအရေအတွက်နဲ့အတူ အနိုင်ရသွားမဲ့ မန်စီးတီးအသင်းကို ရွေးချယ်ပေးချင်ပါတယ်။





◾ ဖူဟမ် Vs လီဗာပူး
လီဗာပူးအသင်းက ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်သလို တိုက်စစ်ပိုင်းကလည်း အီကီတီကီတစ်ယောက်တည်းကို အားကိုးနေရသလို ဖြစ်နေပါတယ်။ ဖူဟမ်အသင်းက နောက်ဆုံးလေးပွဲမှာ သုံးပွဲအနိုင်ရပြီး တစ်ပွဲသရေဖြစ်ထားခဲ့သလို သုံးပွဲဂိုးအောက်ပြီး တစ်ပွဲသာ ဂိုးပေါ် ဖြစ်ထားပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ စနေည အစောပွဲမှာလည်း ဗီလာအသင်းက ဒီကြေးမျိုးပေးခဲ့ပြီး အပေါ်စုံအောင်သွားခဲ့တာကြောင့် ဒီညမှာတော့ အပေါ်စုံထပ်မသွားနိုင်တော့ဘူးလို့ ယူဆထားပြီး အောက်ကြေးတစ်ခုတော့ ပြန်စားမယ်လို့ ထင်ပါတယ်။ လီဗာပူးတိုက်စစ်ကို သိပ်မကြိုက်သလို ဖူဟမ်ကလည်း နောက်ဆုံးသုံးပွဲဆက် ဂိုးအောက်ဖြစ်ထားတာကြောင့် ဒီပွဲမှာ ဂိုးအောက်ကို ကြိုက်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့မဖြစ်နိုင်ဘဲ အများဆုံးအနေနဲ့ နှစ်ဂိုးလောက်သာ မြင်ရနိုင်တာကြောင့် ဂိုးအောက်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ စပါး Vs ဆန်းဒါးလန်း
စပါးက အာဆင်နယ်ပြီးရင် အဝေးကွင်းအကောင်းဆုံးအသင်း ဖြစ်နေပေမဲ့ အိမ်ကွင်းရလဒ်ကတော့ တန်းဆင်းဇုန်က အသင်းသုံးသင်းရဲ့ အထက်မှာပဲ ရပ်တည်ထားနိုင်ပါတယ်။ ဆန်းဒါးလန်းအသင်းက ကစားအားကောင်းသလို ခံစစ်ကောင်းတဲ့ အသင်းမျိုး ဖြစ်တာကြောင့် စပါးအသင်းအနေနဲ့ ခက်ခက်ခဲခဲ ကစားရဖို့ ရှိပါတယ်။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံးပေါက်ပါတယ်။ ဂိုးပေါင်းကြေး အရမ်းပျော့နေတာမျိုး တွေ့ရသလို ဘော်ဒီကြေးကလည်း အောင်ဖို့ခက်တဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းခြေစွမ်းက သိပ်မကောင်းတာကြောင့် ဆန်းဒါးလန်းအသင်းသာ တစ်ဂိုးရသွားရင် စပါးအသင်းအနေနဲ့ နှစ်ဂိုးပြန်သွင်းနိုင်ဖို့ ခက်ပါလိမ့်မယ်။ စပါးအသင်းရဲ့ အိမ်ကွင်းကစားပုံကို သိပ်မကြိုက်ဘဲ ဆန်းဒါးလန်းအသင်းရဲ့ ကစားအားကို ပိုကြိုက်တာကြောင့် ဆန်းဒါးလန်းအသင်း သရေလောက် ရသွားမယ်လို့ ထင်ပါတယ်။ ဒီပွဲရဲ့ ပေါက်ကြေးအရလည်း တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် အောက်အသင်းဖြစ်တဲ့ ဆန်းဒါးလန်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ နယူးကာဆယ် Vs ခရစ္စတယ်ပဲလေ့စ်
ပဲလေ့စ်နောက်တန်းမှာ လူမစုံသလို တိုက်စစ်ပိုင်းမှာလည်း ဒဏ်ရာရ ကစားသမားတွေ များပြားနေပါတယ်။ ခြေစွမ်းအကျဘက် ရောက်နေတဲ့ ပဲလေ့စ်အသင်း ပြိုင်ပွဲစုံ နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်နေပြီး ရုန်းကန်နေရတာ တွေ့ရပါတယ်။ နယူးကာဆယ်က အိမ်ကွင်းဆိုရင် ပိုကောင်းအောင် ကစားတတ်ပြီး ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားထိ ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ ဘော်ဒီကြေးအနည်းငယ် မြင့်မားနေတာကို တွေ့ရပြီး ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းပိုင်းက အကျဘက်ရောက်နေတာကြောင့် ဒီကြေးပေးတယ် ထင်ပါတယ်။ ဒီပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရဆို အိမ်ရှင်နယူးကာဆယ်အသင်း အနိုင်ရဖို့များနေပြီး ဂိုးပြတ်သွားမလား မပြတ်ဘူးလားဆိုတာပဲ စောင့်ကြည့်ရမယ် ထင်ပါတယ်။ နယူးဘော်ဒီကို ကြိုက်ပေမဲ့ နှစ်ဂိုးပြတ်မှ အပြည့်စားရမှာ ဖြစ်တဲ့အတွက် နှစ်သင်းပေါင်းသုံးဂိုးကို မျှော်လင့်တာ ပိုကောင်းမယ် ထင်ပါတယ်။
ပဲလေ့စ်အသင်းက စပါးအသင်းရဲ့ တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆင်ကို ခေါ်ယူအားဖြည့်ထားပြီး မာတီတာ၊ ဂျွန်ဆင်နဲ့ ပီနိုတို့ရဲ့ တိုက်စစ်ပိုင်းက တစ်ဂိုးလောက် ရသွားနိုင်တယ်လို့ ထင်တဲ့အတွက် ဒီပွဲစဥ်မှာ နှစ်သင်းပေါင်း ဂိုးအများကို ရွေးချယ်ပေးချင်ပါတယ်။
◾အဲဗာတန် Vs ဘရန့်ဖို့
ဘရန့်ဖို့က အိမ်ကွင်းကောင်းသလောက် အဝေးကွင်းအရမ်းညံ့နေပြီး ရမှတ် ၂၇ မှတ် ရထားချိန်မှာ အိမ်ကွင်းကနေ ၂၁ မှတ် ရထားပြီး အဝေးကွင်းပွဲတွေကနေ ခြောက်မှတ်သာ ရထားပါတယ်။ အဲဗာတန်ကတော့ အနိုင်ရသင့်တဲ့ပွဲကို အနိုင်ကစားနိုင်သလို ခံစစ်တိုက်စစ် မျှတအောင် ကစားနိုင်တာကို တွေ့ရတယ်။ ဒီပွဲမှာ အိမ်ရှင်အဲဗာတန်က ဘော်ဒီကြေး ပြားနှစ်ဆယ်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံး ပေါက်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး နှစ်ခုလုံးက လုံးဝပျော့ပြောင်းနေပြီး ဒီကြေးတွေက သရေရလဒ်နဲ့ ပွဲပြီးတာများသလို နိုင်စရာရှိရင်တော့ အိမ်ရှင်အဲဗာတန်အသင်း ကပ်နိုင်သွားဖို့ များပါတယ်။ အဝေးကွင်းညံ့တဲ့ ဘရန့်ဖို့အသင်းနဲ့ ခံစစ်ကောင်းတဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဥ်မှာ အဲဗာတန်အသင်း တစ်ဂိုးလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်ကိုပဲ ကြိုက်ပါတယ်။ အဲဗာတန်က နောက်ဆုံးခြောက်ပွဲဆက် ဂိုးအောက်ကစားထားပြီး ဘရန့်ဖို့အသင်းကလည်း အဝေးကွင်းလေးပွဲဆက် ဂိုးအောက်ကစားထားတာကြောင့် ဂိုးအောက်ကလွဲပြီး ရွေးစရာမရှိပါဘူး။
