
၁.၁.၂၀၂၆
Written By Thandar
အလိုတော်ပြည့် ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်းဖြစ်တဲ့ ဆရာတော် အသျှင်ကုမာရက ၂၀၂၅ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၆ ခုနှစ်သို့ရောက်ရှိချိန်မှာ နှစ်သစ်မင်္ဂလာ၊ နှစ်ဦးမင်္ဂလာဒါနလှူဒါန်းပွဲကို ယနေ့ ဇန်နဝါရီ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“၂၀၂၅ခုနှစ်ကုန်ဆုံးပြီးတော့ ၂၀၂၆ ခုနှစ် နှစ်ဦးနှစ်သစ် မင်္ဂလာအလှူပေါ့။ International ပေါ့ Happy New Year မှာ နိုင်ငံတကာ နှစ်သစ်ကူးအလှူအနေနဲ့ ဦးဇင် အခုလိုမျိုး မရှိဆင်းရဲသားတွေ၊ ဘုန်းကြီးရဟန်းသံဃာတွေကို နောက်ပြီးတော့ အနှေးယာဉ်သမားတွေရော တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝကိုခက်ခဲစွာ ရုန်းကန်နေရသူတွေကို လှူဒါန်းတာဆိုရင် ၇ နှစ်မြောက်ရှိပါပြီ။ ၇ နှစ်ပြည့်ပြီဆိုတော့ ၂၀၂၆ နှစ်သစ်မင်္ဂလာအလှူပါ။ စာသင်သားတွေကို လှူဖြစ်ပါတယ်။ ယာယီစစ်ဘေးရှောင် အယောက် ၂၅၀ ကိုလည်း လိုအပ်တာတွေလှူဒါန်းရတာ ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ ဆရာတော်အသျှင်ကုမာရ@ဦးဇင်းဘီလူးက မိန့်ကြားတော်မူပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ ရခိုင်စည်တော်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် စိန်လင်း၊ နိုင်လူ၊ လှမျိုးသဥ္ဇာနွယ်၊ အဲဝေသာ၊ အဆိုတော် ကေသီနွယ်၊ သက်မှူးခင် စတဲ့သူတွေ တက်ရောက်ခဲ့ ကာ ပင့်သံဃာတော် ၅၂၈ ပါးနဲ့ မယ်သီလရှင် ဆရာလေး အပါး ၁၀၀ တို့ကို ဆွမ်းဆန်စိမ်းတော်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီ၊ စာအုပ်၊ လက်ဖက်ခြောက်၊ လက်ဖက်သုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာမှုန့်၊ ရေသန့်၊ ဝတ္ထု ငွေတချို့ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။






ဆက်လက်ပြီး နွမ်းပါးတဲ့ ဆိုက္ကားဆရာ အယောက် ၁၀၀ ကို ဆန်၊ ဆီ၊ ကြက်ဥ၊ ဂေါ်ဖီထုပ်၊ ပန်းပွင့်၊ ခြောက်ဆွဲခြောက်၊ ခရမ်းသီး၊ ဆီးသီး၊ ပြောင်းဖူး၊ မုန့်လာဥ၊ ဆား၊ ကြက်သွန်နီ၊ ဘူးသီး၊ ဖရုံသီး စတဲ့ အခြေခံစားကုန်တွေနဲ့ ငွေသားတချို့လှူဒါန်းခဲ့ကြပါတယ်။
