


၁.၁.၂၀၂၅
Written by NYL
ပြည်သူ့ပါတီ(PP) ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးကျော်စိုးမိုးသည် ဇန်ဝါရီ ၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း ပြည်သူ့ပါတီမှ သိရသည်။
ထန်းတပင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးကျော်စိုးမိုးသည် အဆိုပါမြို့နယ်၏ မြို့နယ်ခန်းမတွင် ကြိုတင်မဲပေးနေမှုအား စောင့်ကြည့်နေစဉ် မွန်းလွဲ ၁ နာရီ ၅၁ မိနစ်တွင် ရုတ်တရက် ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကနဦးသိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်ကြောင်း ပြည်သူ့ပါတီ(ဗဟို)မှ တာဝန်ရှိသူတို့ထံမှလည်း သိရသလို လူမှုကွန်ရက်တွင်လည်း ဝမ်းနည်းကြောင်းရေးသားထားသည်ကို တွေ့ရပြီး ဇန်နဝါရီ ၃ ရက်တွင် သင်္ဂြိုဟ်မည်ဟုလည်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။
