၂၇. ၁၂. ၂၀၂၅
Written by MMAK
◾နော်တင်ဟန်ဖောရက် Vs မန်စီးတီး
နောက်ဆုံးခုနစ်ပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းကောင်းနေတဲ့ မန်စီးတီးအသင်းက တန်းဆင်းဇုန်အထက်နားက ဖောရက်အသင်းကို ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စားပေါက်နေပါတယ်။ မန်စီးတီးအနေနဲ့ တစ်ဂိုးသွင်းတာနဲ့ ပြားနှစ်ဆယ်အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့နေပြီး တစ်လုံး နှစ်ဆယ်အရှုံး သို့မဟုတ် တစ်လုံးသုံးဆယ်အရှုံးလောက်ထိ ပေးသင့်တာ ဖြစ်ပါတယ်။ ဖောရက်အသင်းရဲ့ လက်ရှိခြေစွမ်းကလည်း အရမ်းကောင်းနေတာမျိုး မဟုတ်တာကြောင့် မန်စီးတီးအသင်းရဲ့ ပေါက်ကြေးက နိုင်ရင်တောင် တစ်ဂိုးပဲလို့ သုံးသပ်ရမှာ ဖြစ်ပြီး အောက်ကြေး နှစ်ခုမှာ တစ်ခုတော့ အနိုင်ရသွားနိုင်ပါတယ်။ ကြေးပျော့နေပေမဲ့ အရမ်းကောင်းနေတဲ့ မန်စီးတီးအသင်းကိုလည်း ဘက်ကန်ဖို့ သိပ်မရဲတာကြောင့် မန်စီးတီးအသင်း ကပ်နိုင်သွားပြီး ဂိုးအောက်သွားမယ် ထင်တာကြောင့် ဂိုးအောက်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾အာဆင်နယ် Vs ဘရိုက်တန်
ဘရိုက်တန်က အသင်းကောင်းတစ်သင်းဖြစ်တာကြောင့် အောက်ကြေးပေးခံရတယ်ဆိုရင်တောင် ကြေးပျော့ပျော့လေးတွေပဲ ပေါက်တတ်ပါတယ်။ ဘရိုက်တန်ကို လီဗာပူးက တစ်လုံးစားပေးခဲ့ပြီး ချဲလ်ဆီးက သရေအရှုံးပေးခဲ့သလို မန်ယူက ပြားငါးဆယ်အရှုံးနဲ့ ဗီလာကို ဘရိုက်တန်ကတောင် ကြေးကြော ပြန်ပေးခဲ့တာပါ။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းပေးထားတဲ့ တစ်လုံးရှစ်ဆယ်အရှုံးဆိုတာ ဒီရာသီမှာ ဘရိုက်တန်ကို ပေးခဲ့သမျှ အထက်ကြေးတွေထဲမှာ အပြင်းဆုံးဖြစ်နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေတောင် ပေါက်ပါတယ်။ ကြေးပြင်းတဲ့ အိမ်ရှင်အာဆင်နယ်ကို ဆက်ယုံရမှာ ဖြစ်ပြီး တစ်ဂိုးအနိုင်သေချာနေတဲ့အပြင် ဂိုးပြတ်သွားမယ်လို့ ယူဆထားပါတယ်။ အာဆင်နယ်က နောက်ပွဲတွေမှာ ဗီလာနဲ့ လီဗာပူးတို့လို အသင်းကြီးတွေနဲ့ တွေ့ရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲမှာ ကြေးပြင်းတဲ့အတိုင်း ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်သွားမယ် ထင်ပါတယ်။






◾လီဗာပူး Vs ဝုဗ်
ဒီရာသီမှာ ဝုဗ်အသင်းကို လက်လွှတ်သင့်ပြီလို့ ယူဆထားပြီး နိုင်ပွဲလုံးဝမရသေးသလို နောက်ဆုံးဆယ်ပွဲဆက် ရှုံးထားတဲ့ ဝုဗ်အသင်းက ဒီပွဲလည်း ဆက်ရှုံးဖို့သာ ရှိပါတယ်။ လီဗာပူးကလည်း အနည်းငယ် ရုန်းကန်နေရတယ်ဆိုပေမဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြန်ကောင်းနေပြီး ဇယားထိပ်ပိုင်းက အသင်းတွေကို ဖိအားပေးနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး နှစ်လုံး ငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ လီဗာပူးအသင်းရဲ့ အနိုင်က အနိမ့်ဆုံး နှစ်ဂိုးနဲ့အထက်မှာ ရှိနေမယ်လို့ ယူဆထားပြီး ပြားငါးဆယ်နဲ့ အပြည့်စားပဲ ကြည့်ရမယ်ထင်ပါတယ်။ ဝုဗ်အသင်းအနေနဲ့ လီဗာပူးကွင်းမှာ ဘာမှမျှော်လင့်စရာ မရှိတာကြောင့် အိမ်ရှင်လီဗာပူးအသင်းကိုပဲ ရွေးရမှာပါ။ ဝုဗ်အသင်းကို ယုံကြည်ရမဲ့အချိန်က ကျော်လွန်သွားပြီလို့ ယူဆထားပြီး ဇယားထိပ်ပိုင်းက အသင်းတွေကို ဖိအားပေးဖို့အတွက် အနိုင်သုံးမှတ်နဲ့အတူ ဂိုးပြတ်သွားနိုင်တဲ့ လီဗာပူးဘော်ဒီကလွဲပြီး ရွေးစရာ မရှိပါဘူး။
◾ချဲလ်ဆီး Vs အက်စတွန်ဗီလာ
နောက်ဆုံး ဆယ်ပွဲဆက် နိုင်ပွဲရထားတဲ့ အမ်မရီရဲ့ ဗီလာအသင်းခြေစွမ်းကို ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ဗီလာကို ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ချဲလ်ဆီးအသင်းက လူပြန်စုံနေသလို အရမ်းကောင်းနေတဲ့ အသင်းမျိုးတွေဆို သူတို့ထက် ပိုကောင်းအောင် ကစားပြနိုင်တဲ့ အသင်းမျိုးဖြစ်ပြီး ဘော်ဒီကြေးကလည်း အနိုင်ရသွားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ချဲလ်ဆီးအနေနဲ့ ဘော်ဒီကြေးကို ပြားရှစ်ဆယ်နဲ့ ပြားကိုးဆယ်လောက်ပဲ ပေးလို့ရသလို အများဆုံးအနေနဲ့ သရေအရှုံးလောက်ဆိုရင်တောင် ဖြစ်သင့်တဲ့ ပေါက်ကြေးပါ။ လက်ရှိပေါက်ကြေး တစ်လုံးရှစ်ဆယ်စားက အနည်းငယ်ပြင်းရှနေပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့တောင် တစ်လုံး ခြောက်ဆယ်စားလောက် ပေးရမဲ့ ဗီလာကို ပြားငါးဆယ်လောက်နိမ့်တဲ့ ချဲလ်ဆီးက ဒီကြေးပေးတာဟာ အနည်းငယ် ပြင်းနေပါတယ်။ ဒီပေါက်ကြေးမှာ အောက်အသင်းဗီလာကို လူကြိုက်များနိုင်ပြီး နိုင်ပွဲဆက်နေတဲ့ ဗီလာအသင်းကို ချဲလ်ဆီးအသင်းက ရပ်တန့်ပေးသွားမယ်လို့ ထင်ပါတယ်။
◾ဘန်လေ Vs အဲဗာတန်
နောက်ဆုံးရှစ်ပွဲမှာ ခုနစ်ပွဲရှုံးပြီး တစ်ပွဲသာ သရေရထားတဲ့ တန်းတက်ဘန်လေအနေနဲ့ တန်းပြန်မဆင်းချင်ရင် ဒီလိုပွဲတွေမှာ ရမှတ်ရအောင် ကစားထားဖို့ လိုပါတယ်။ အဲဗာတန်မှာ အဓိက ကစားသမားနှစ်ယောက် နိုင်ငံပွဲ စေလွတ်ထားရပေမဲ့ ဘော်ဒီကြေးကို ပြားခုနစ်ဆယ်အရှုံးထိ ပေးထားသလို ဂိုးပေါင်းကြေးကတော့ နှစ်လုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ အဲဗာတန်ရဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေတယ်ဆိုပေမဲ့ ဘန်လေအနေနဲ့ကလည်း ဒီလိုပွဲမှာ အမှတ်မယူနိုင်ရင် တန်းဆင်းဇုန်ကနေ လွတ်မှာကို မဟုတ်တော့ပါဘူး။ အဲဗာတန်က အမှတ်ပေးဇယားအလယ်မှာ ရောက်နေပြီး ထိပ်ကိုမတက်နိုင်သလို အောက်ကိုလည်း မဆင်းဘဲ ဒီလိုနေရာမှာဘဲ ရှိနေတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ နောက်ဆုံးခုနှစ်ပွဲမှာ တစ်မှတ်သာ ရထားတဲ့ ဘန်လေအသင်းကို အမှတ်ပေးလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ဘန်လေကို သရေတစ်မှတ်ပေးချင်ပြီး သရေကျရင် ပြားခုနစ်ဆယ်အနိုင်ရမဲ့ ဘန်လေအသင်းကို ကြိုက်ပါတယ်။
◾ဝက်စ်ဟမ်း Vs ဖူဟမ်
လန်ဒန်ဒါဘီပွဲစဥ်တစ်ခုဖြစ်ပြီး စတည်ကြေးမှာ ဝက်ဟစ်မ်းအသင်းက ကြေးကြောအနည်းငယ် ပေးထားပေမဲ့ လက်ရှိအချိန်မှာ ဖူဟမ်အသင်းက ဘော်ဒီကြေး ပြားတစ်ဆယ်ပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဘော်ဒီကြေးကလည်း အရှုံးအနိုင်အဖြေပေါ်မဲ့ ပေါက်ကြေးမဟုတ်သလို ဂိုးပေါင်းကြေးကလည်း သုံးဂိုးရောက်ဖို့ ခက်ခဲနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ပွဲမှာ လေးပွဲထိ ဂိုးအောက်ခဲ့သလို ဒီပွဲမှာလည်း အပြန်အလှန်ဂိုးတွေ မြင်ရမယ် မထင်ပါဘူး။ တစ်သင်းနဲ့တစ်သင်း ဘောလုံးကိုင်ကစားရင်း အချိန်ကုန်သွားနိုင်သလို ဦးဆောင်ဂိုးရတဲ့အသင်းကလည်း ချေပဂိုးပြန်မပေးရဖို့ ခံစစ်ကစားလာနိုင်တာကြောင့် ဂိုးတွေအများကြီး မြင်ရမယ် မထင်ပါဘူး ။ တစ်သင်းသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘရန့်ဖို့ Vs ဘုန်းမောက်
ဘုန်းမောက်က နောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ရလဒ်ကောင်းဖို့ ရုန်းကန်နေရသလို ခြေစွမ်းပိုင်းကလည်း အကျဘက်ကို ရောက်နေပါတယ်။ ဘရန့်ဖို့ကတော့ ခြေစွမ်းအကျဘက်ကို ရောက်နေတယ်ဆိုပေမဲ့ အိမ်ကွင်းကောင်းနေဆဲဖြစ်တာကြောင့် ဒီနှစ်သင်းက အရှုံးအနိုင် အဖြေပေါ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ ဘရန့်ဖို့အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ ဘော်ဒီကြေး ပြားသုံးဆယ်လောက် ပေးထားပေမဲ့ ဂိုးပေါင်းကြေး မြင့်မားနေတာကြောင့် အပြန်အလှန်ဂိုးတွေ မြင်ရဖို့ ရှိနေသလို နှစ်သင်းလုံးက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးလောက် မြင်ရရင်တောင် ပွဲပြီးချိန်မှာ သုံးဂိုးရောက်ဖို့ မခက်ပါဘူး။ နှစ်သင်းလုံးက နိုင်ပွဲရဖို့ဦးတည် ကစားလာနိုင်တာကြောင့် အပြန်အလှန်ဂိုးတွေနဲ့ တစ်ဖက်တစ်ဂိုးစီလောက် မြင်ရဖို့ရှိနေတာကြောင့် ဒီပွဲက စနေညရဲ့ အကြိုက်ဆုံး ဂိုးပေါင်းအပေါ်ပွဲ ဖြစ်ပါတယ်။ ပေါက်ကြေးနဲ့ လက်ရှိအခြေအနေအရရော၊ တိုက်စစ်ကစားတတ်တဲ့ အသင်းတွေ ဖြစ်တာကြောင့်ရော ဒီပွဲက ဂိုးပေါ်ဖို့ ရာခိုင်နှုန်းအများဆုံး ဖြစ်ပါတယ်။
