၁၈. ၂. ၂၀၂၃
Written By Thandar

နင်မြင်ရင်ကြွေသွားမယ်၊ ဗာရာဏသီ၊ ကိုကိုလူဆိုးကြီး၊ Pu Tin၊ ကကြီးလုံးတင်တစ်ချောင်းငင်ကို စတဲ့ သီချင်းတွေရဲ့ တေးရေး တေးဆို မင်းစည်သူကတော့ လက်ရှိရောက်နေတဲ့ နေရာကအောင်မြင်တယ်လို့လည်း ကိုယ့်ကိုယ်ကိုမသတ်မှတ်သေးသလို မအောင်မြင်ခင်က ဝေဖန်ခဲ့ကြတဲ့သူတွေကိုလည်း ဘယ်လိုမှ မသတ်မှတ်ဘဲ ဆဲလည်း ကျွန်တော်ကိုကောင်းဖို့ ပြောတယ်လို့ပဲ သတ်မှတ်ပါတယ်လို့ ဖွင့်ဟပါတယ်။

“အမြင်လည်း ဆန်းချင်တယ် လုံးဝလည်းဂေါ်ချင်တာမို့ လုပ်ချင်တယ်။ ရွှေဆုကတော့ K Pop ကို သွားချင်တယ်။ ခုချိန်ထိ ကျွန်တော်က ကိုယ့်ကိုယ်ကိုလည်း ဂုဏ်မယူမိပါဘူး။ အမြဲတမ်းလည်း ကြိုးစားနေတဲ့သူပါ။ ကျွန်တော်ချစ်တဲ့ ပရိသတ်အတွက်ပဲ အကောင်းဆုံးချပြပေးချင်ပါတယ်။ ပေါင်လောက်မှန်းမှ ဒူးလောက်ကျတာမို့ လက်ရှိနေရာကိုလည်း ဘယ်လိုဖြစ်နေပြီလို့ မခံယူထားပါဘူး။ ကျွန်တော်အများကြီး ကြိုးစားခဲ့ပေမယ့် နည်းနည်းလေးပဲထိ ရောက်ခဲ့တာတွေရှိတယ်”လို့ တေးရေး တေးဆို မင်းစည်သူကပြောပါတယ် ။

သူကတော့ သာမန်အနေနဲ့ သီချင်းတွေ ရိုက်နေရတာ ကြာခဲ့ပြီ။ ဇာတ်လမ်းတွေမှာလည်း ‘မောင်ဝင်းရဲ့နှင်းမြ’ ဆိုရင်သီချင်းက အဆိုပိုင်းပါ ပျောက်သွားတယ်။ တစ်ပုဒ်လုံး ဇာတ်လမ်းတွေပဲဆိုတော့ လေ၊ ကျွန်တော်က အဆိုပိုင်းပဲဖြစ်တဲ့ ကြွေ၊ ကိုကိုလူဆိုးကြီး၊ ဗာရာဏသီ သီချင်းတွေလိုမျိုး ဦးစားပေးလုပ်ချင်တယ်လို့ သိရပါတယ်။

လာမယ့် မတ်လပိုင်းမှာ ရွှေပြည်နန်းကြောငြာ သီချင်းသစ်တစ်ပုဒ်၊ တေးဆို ရွှေဆုနဲ့ နှစ်ယောက်တွဲသီဆိုထားတဲ့ သီချင်းသစ် နှစ်ပုဒ်ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူရေးပေးတဲ့ တေးသီချင်းတွေက သီဆိုသူ တော်တော်များများ ပေါက်လာတာလည်း တွေ့ရပါတယ်။

“ကျွန်တော်ကို ဝေဖန်တာလည်း အကျိုးရှိလို့ အကြောင်းရှိခဲ့တာပါ။ ဝေဖန်သူတွေကို ဘာမှမပြောချင်ဘူး။ အနုပညာ လောကထဲ ဝင်လာခါစကတော့ ထိလွယ်ရှလွယ်အချိန်လေ၊ ခုကတော့ နားလည်သွားပြီလေ။ ကျွန်တော် မအောင်မြင်ခင်က ဝေဖန်ခဲ့ကြတဲ့သူတွေကိုလည်း ဘယ်လိုမှ မသတ်မှတ်ပါဘူး။ ဆဲလည်း ကျွန်တော်ကို ကောင်းဖို့ ပြောတယ်လို့ပဲ သတ်မှတ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *