၁၈. ၂. ၂၀၂၃
ရိုက်ကူး၊ တည်းဖြတ် – ဟေမာ ၊ သန္တာ

ငယ်ဘဝ အိပ်မက်က ဇာတ်မင်းသားတစ်ဦး ဖြစ်ချင်ခဲ့လို့ ပန်တျာကျောင်းတက်ပြီး မင်းသားအဖြစ် ပရိသတ်ကို အသုံးတော်ခံ တင်ဆက်ကပြခဲ့ပေမယ့်၊ အောင်မြင်မှု အလှမ်းဝေးလွန်းလို့၊ လူရွှင်တော် အဝတ်လဲခဲ့တယ်ဆိုတဲ့ သီးလေးသီး အဖွဲ့ဝင် ပန်းသီးက သူ လူရွှင်တော်ဘဝ ရောက်ရတဲ့ အဖြစ်အပျက်တွေကို ဖွင့်ဟလာပါတယ်။

ခေတ်ကာလ အခြေအနေတွေအရ အနုပညာအလုပ်ကို ရပ်နားသွားကြသူ အနုပညာညီအစ်ကို မောင်နှမတွေရှိပေမယ့် သူကတော့ အနုပညာသမားတစ်ယောက်ပီသစွာ အနုပညာလုပ်ငန်းနဲ့သာ သူ့ဘဝကို ဆုံးခန်းတိုင်စေချင်တာမို့ ခေတ်အဆက်ဆက် ဆက်လက်လုပ်ကိုင်နေမှာပဲလို့ ပန်းသီးက ပြောပါတယ်။

ကျန်အသီးတွေမပါလဲ သီးလေးသီးအဖွဲ့ဝင် ပန်းသီးတစ်ယောက်ကို အငြိမ့်စင်ပေါ်မှာ ပြန်တွေ့နိုင်မှာလားဆိုတာကို MT News ရဲ့ အနုပညာရုပ်သံသတင်းလေးတွေမှာ ဆက်လက်ကြည့်ရှု ခံစားပေးကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *