၁၈.၁၂.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ စန္ဒကူးလမ်း၊ အကွက်(၃၀)တွင် အလျားပေ ၆၀၊ အနံ ပေ ၅၀ ရှိ RC နှစ်ထပ် လူနေအိမ်၏ ၁၅ ပေ၊ ပေ ၃၀ ရှိ အုတ်ကြွပ်မိုး၊ အုတ်ကာ၊ ပျဥ်ခင်းဘေးအဖီထပ်ခိုးတွင် ဒီဇင်ဘာလ ၁၈ ရက် ည ၇ နာရီ ၅ မိနစ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ အိပ်ရာဘေးတွင် ခြင်ဆေးခွေထွန်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။


မိနစ်၂၀ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ဘေးအဖီထပ်ခိုး၊ ဆိုဖာ၊ တစ်ခါသုံးပလပ်စတစ်ပစ္စည်းများ၊ကားပစ္စည်းအဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၅ စီးအထောက်အကူပြုယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသားကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
