၁၉. ၁၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်(ဗုဒ္ဓဟူးနေ့) တွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဌာနမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအရ မတ်လ ၁၁ ရက်တွင် မြန်မာစာဘာသာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီဝင်ဘာသာ၊ မတ်လ ၁၆ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ်လ ၁၇ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) တစ်ရက် ပိတ်ရက်ရရှိသည်။




ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ၏ ၉၄ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာမေးပွဲအောင်မြင်သူ ၂၀၂၄ ခုနှစ်ထက် ပိုများခဲ့သော်လည်း အောင်ချက်ရာခိုင်နှုန်းမှာမူ ၄၈ ရာခိုင်နှုန်းကျော်သာရှိ၍ ၂၀၂၄ ခုနှစ်ထက် အောင်ချက်ရာခိုင်နှုန်း ၉ ဒသမ ၈၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် အောင်စာရင်းအရ သိရသည်။
ပုံစာ။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုခဲ့သည့် ကျောင်းသား/ကျောင်းသူများကို တွေ့ရစဉ်။
