၁၅.၁၂.၂၀၂၅
translated by Htwe Ko Tun
မော်ရိုကိုနိုင်ငံ၊ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဆာဖီမြို့မှာ ဒီဇင်ဘာလ ၁၄ ရက်က မိုးသက်မုန်တိုင်း တိုက်ခတ်ပြီး ရုတ်တရက်ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
မြို့တော် ရာဘတ်ရဲ့တောင်ဘက် ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အကွာမှာရှိတဲ့ ဆာဖီမြို့မှာ မိုးသည်းထန်စွာရွာသွန်းလို့ မြို့တွင်းရှိ အိမ်နဲ့ဆိုင် ၇၀ လောက် ပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆာဖီပြည်နယ်က မြို့တော်ရာဘတ်ရဲ့တောင်ဘက် ကီလိုမီတာ ၃၃၀ (၂၀၅ မိုင်) အကွာ မော်ရိုကိုနိုင်ငံ၊ အတ္တလန္တိတ်ကမ်းရိုးတန်းမှာ တည်ရှိတာပါ။ဒီဇင်ဘာလ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ မော်ရိုကိုအာဏာပိုင်တွေက ပြောပါတယ်။
ရေကြီးမှုကြောင့် လူ ၃၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အများစုကတော့ ဆေးရုံက ဆင်းသွားကြပြီလို့ အာဏာပိုင်တွေက ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
တစ်နာရီကြာ မိုးသည်းထန်စွာရွာသွန်းမှုဟာ မြို့ဟောင်းဖြစ်တဲ့ ဆာဖီမြို့အတွင်း အိမ်တွေနဲ့ဆိုင်တွေကို ရေလွှမ်းမိုးပြီး ကားတွေကို မျောပါသွားစေကာ ဆာဖီနဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်က လမ်းတွေကို ပြတ်တောက်သွားစေတယ်လို့ သိရသလို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သူတို့က ပြောပါတယ်။
အဲဒီနယ်မြေအတွင်း လမ်းတွေ ပျက်စီးမှုကြောင့် အတ္တလန္တိတ်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ဆာဖီမြို့ရဲ့ လမ်းအတော်များများမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အခြားဖြစ်နိုင်ခြေရှိတဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ရှာဖွေနေခိုက်မှာပဲ မိုးလေဝသဌာနက ဒီဇင်ဘာလ ၁၆ ရက်မှာ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။
မော်ရိုကိုနိုင်ငံဟာ သူ့ရဲ့ အဓိကတာတမံအချို့မှာ ရေခန်းခြောက်စေတဲ့ ခုနစ်နှစ်ကြာ မိုးခေါင်မှုအပြီးမှာ Atlas တောင်တန်းတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ နှင်းကျမှုတွေကို ကြုံတွေ့နေရပါတယ်။
Ref -French 24
