၁၄. ၁၂. ၂၀၂၅
Written by MMAK
◾ ခရစ္စတယ်ပဲလေ့စ် Vs မန်စီးတီး
ခြေစွမ်းကောင်းနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်ပြီး အိမ်ကွင်းခြေစွမ်း မာကျောမှုရှိတဲ့ ပဲလေ့စ်အသင်းကြောင့် မန်စီးတီးအသင်း ခက်ခက်ခဲခဲကစားရဖို့ ရှိနေပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ မန်စီးတီးက အိမ်ကွင်းကောင်းတဲ့ ဗီလာနဲ့ နယူးတို့ကို ဒီကြေးပေးခဲ့ပြီး အရှုံးပေးခဲ့ရသလို ဘရန့်ဖို့ကိုတော့ ကပ်နိုင်ခဲ့ပါတယ်။ မန်စီးတီးက နောက်ဆုံးလေးပွဲဆက် အနိုင်ရထားတယ်ဆိုပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ငါးပွဲဆက် ဂိုးပေးထားရပါတယ်။ ဂလက်စနာရဲ့ ပဲလေ့စ်အသင်းက အဆင့်ငါးနေရာတောင် ရပ်တည်ထားနိုင်ပြီး သူတို့အိမ်ကွင်းမှာ ဘယ်အသင်းကြီးမဆို ယှဥ်ကစားနိုင်သလို တန်ပြန်တိုက်စစ် ကစားပုံကလည်း အရမ်းကောင်းတဲ့အပြင် မန်စီးတီးခံစစ်ထက်တောင် မာကျောပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရ မန်စီးတီးအသင်း အနိုင်ရဖို့ ခက်ခဲနိုင်ပြီး တစ်ဖက်တစ်ဂိုးစီလောက်နဲ့ သရေကျသွားမယ်လို့ ယူဆတာကြောင့် အောက်အသင်းဖြစ်တဲ့ ပဲလေ့စ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဆန်းဒါးလန်း Vs နယူးကာဆယ်
ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် ပရိတ်သတ်တွေ မကြည့်ရတာ ဆယ်စုနှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ နယူးကာဆယ်တို့ရဲ့ တိုင်းဝဲဒါဘီဟာဆိုရင်လည်း တနင်္ဂနွေညအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိပါတယ်။ ရာသီဝက်ပြီးဆုံးဖို့ နီးကပ်လာချိန်မှာ အိမ်ကွင်းရှုံးပွဲ မရှိသေးတာဆိုလို့ ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ တန်းတက်လာတဲ့ ဆန်းဒါးလန်းတို့ နှစ်သင်းသာ ကျန်ပါတော့တယ်။ ဒီဇင်ဘာ ပထမအပတ်မှာ အိမ်ကွင်းရှုံးပွဲ မရှိသေးတဲ့ အဲဗာတန်အသင်းက နယူးကာဆယ်က အဝေးကွင်းကနေ ဂိုးပြတ်အနိုင်ရထားတာကြောင့် ဒီပွဲမှာရော ဆန်းဒါးလန်းအသင်းကို ထပ်အနိုင်ယူပြနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီပွဲမှာ နယူးက ဘော်ဒီကြေး ပြားငါးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဆန်းဒါးလန်းက အိမ်ကွင်းပွဲတွေမှာ အာဆင်နယ်ကို သရေကစားနိုင်ခဲ့သလို တစ်ယောက်လျော့အနေအထားနဲ့ ဗီလာကို သရေကစားနိုင်ခဲ့ပါတယ်။ ဘုန်းမောက်လိုအသင်းကို နှစ်ဂိုးပြတ်ရှုံးနေရာကနေ သုံးဂိုးပြန်သွင်းပြီး အနိုင်ရသွားမျိုးတောင် ကစားပြနိုင်တာကြောင့် ကစားသမားတွေရဲ့ ယုံကြည်ချက်က တော်တော်ခိုင်မာနေသလို အိမ်ကွင်းခံစစ်ကလည်း မာကျောမှုရှိပြီး တစ်ပွဲတစ်ဂိုးလောက်သာ ပေးထားရပါတယ်။ နယူးက အဲဗာတန်နဲ့ပွဲမှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲ စရခဲ့ပြီး တိုက်စစ်ကလည်း အိမ်ကွင်းလောက် မကောင်းတဲ့အတွက် အိမ်ရှင်ဆန်းဒါးလန်းသာ တစ်ဂိုးရသွားရင် နှစ်ဂိုးပြန်သွင်းပြီးတော့ အနိုင်ရဖို့ ခက်ပါလိမ့်မယ်။ ဒီအတွက်ကြောင့် အိမ်ရှင်အောက်ကြေး နေထိုင်ရမဲ့ ဆန်းဒါးလန်းဘော်ဒီကိုပဲ ကြိုက်ပါတယ်။




◾နော်တင်ဟန်ဖောရက် Vs စပါး
စပါးက နောက်ဆုံးနှစ်ပွဲဆက် ပေးဂိုးမဲ့ နိုင်ပွဲတွေ ရယူထားနိုင်တယ်ဆိုပေမဲ့ ခြေစွမ်းအရ ပုံမှန်ခြေစွမ်းထက်သိပ်မသာဘူးလို့ ယူဆထားသလို ရှစ်ရက်အတွင်း သုံးပွဲကစားရမဲ့ ပွဲကြပ်ကာလမှာ ကစားသမား အများစု ဒဏ်ရာပြဿနာရှိနေတာဟာလည်း အားနည်းချက် တစ်ခုပါပဲ။ ရှောင်ဒိုက်ရဲ့ ဆဖာရက်အသင်းက လီဗာပူးကို အနိုင်ရခဲ့ပေမဲ့ ဘရိုက်တန်နဲ့ အဲဗာတန်တို့ကို ပြန်ရှုံးခဲ့တာကြောင့် တည်ငြိမ်မှု အားနည်းနေတာ တွေ့ရပြီး ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာတော့ အရံကစားသမားတွေနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ဒီပွဲမှာ တန်းဆင်းဇုန်အထက်နားက ဖောရက်အသင်းက ဘော်ဒီကြေး ပြားတစ်ဆယ်ပြန်ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနစ်ဆယ်အရှုံး ပေါက်ပါတယ်။ ကြေးအရဆိုရင် အိမ်ရှင်ဖောရက်ကတောင် အနည်းငယ်အသာရနေတယ်လို့ ယူဆရမှာဖြစ်ပြီး ဂိုးပေါင်းကြေးကလည်း အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ အဝေးကွင်းကောင်းတဲ့ စပါးအသင်းအနေနဲ့ ပေါက်ကြေးအနည်းငယ်တောင် ပြန်မပေးနိုင်တဲ့ ဒီပွဲမှာ ဂိုးအောက်ကို အနည်းငယ်ကြိုက်ပေမဲ့ အထက်ကြေးပြန်ပေးထားတဲ့ဖောရက်အသင်းကိုပဲ ကြိုက်ပါတယ်။
◾ဝက်စ်ဟမ်း Vs အက်စတွန်ဗီလာ
ရှစ်ပွဲဆက် အနိုင်ရထားတဲ့ ဗီလာအသင်းရဲ့ လက်ရှိခြေစွမ်းကတော့ အရမ်းကို ကောင်းနေသလို ဝက်စ်ဟမ်းအသင်းကလည်း နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းအနည်းငယ် ပြန်ကောင်းလာတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဗီလာအသင်းက ပုံစံကောင်းရနေပြီး လက်ရှိပေါက်ကြေးအရ အနည်းငယ် ပျော့နေတယ်လို့ ပြောလို့ရပေမဲ့ ကြေးပါးပါးလေးတွေနဲ့လည်း အနိုင်ရတတ်ပါတယ်။ ဒီလိုပေါက်ကြေးအနေအထားနဲ့ ဆက်တိုက်ကြေးအောင်နေတဲ့ ဗီလာအသင်းကို ကြေးကျစေချင်ပြီး သရေလောက် ဖြစ်သွားမယ်လို့ ထင်တဲ့အတွက် ဝက်စ်ဟမ်းအသင်းကို ရွေးမယ်လို့ တွေးထားပေမဲ့ ဒီပွဲမှာ ဗီလာအသင်း နိုင်ပွဲဆက် ဦးမယ်လို့ ထင်ပါတယ်။ အကြောင်းရင်းက နောက်ပွဲတွေမှာ ဗီလာအသင်းက ပွဲကြပ်နေတာ တွေ့ရပြီး မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်တို့လို အသင်းကြီးသုံးသင်းနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲမှာ ဗီလာအသင်း နိုင်ပွဲရသွားပြီး နောက်ပွဲတွေမှ ကြေးကျမယ်လို့ ထင်ပါတယ်။ ပုံစံကောင်းရနေတဲ့ အသင်းဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်သွားနေတာမျိုး မြင်တွေ့ရတတ်တာကြောင့် နောက်ပွဲတွေမှာ ပွဲကြပ်နေတဲ့ ဗီလာအသင်း ဒီပွဲမှာ ကိုးပွဲဆက်နိုင်ပွဲကို ဖော်ဆောင် သွားမယ် ထင်ပါတယ်။
◾ဘရန့်ဖို့ Vs လိဒ်
လိဒ်အသင်းက နောက်ဆုံးသုံးပွဲမှာ မန်စီးတီးကို နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ရှုံးခဲ့ပေမဲ့ ချဲလ်ဆီးအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့သလို လီဗာပူးအသင်းကို သုံးဂိုးစီသရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ကတော့ အဝေးကွင်း အရမ်းညံ့ပေမဲ့ အိမ်ကွင်းအရမ်းကောင်းတဲ့ အသင်းမျိုး ဖြစ်သလို အိမ်ကွင်းတိုက်စစ်လည်း အရမ်းကောင်းပါတယ်။ ဒီပွဲစဥ်မှာ ဘရန့်ဖို့အသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးပေါက်ပါတယ်။ အပေါ်မှာ ပြောခဲ့သလို အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ ဘရန့်ဖို့က ခုနစ်ပွဲမှာ ၁၅ ဂိုးသွင်းထားတာကြောင့် တစ်ပွဲကို ၂ နှုန်းဂိုးအထက် ရနေတယ်လို့ ပြောလို့ရပါတယ်။ လိဒ်ကလည်း နောက်ဆုံးသုံးပွဲမှာ အသင်းကြီးသုံးသင်းကို ရှစ်ဂိုးတောင် သွင်းပြထားတာ တွေ့ရပေမဲ့ ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့အသင်းရဲ့ ဘော်ဒီကြေးပြားရှစ်ဆယ်ကလည်း အနည်းငယ် လျော့ကျနေတယ်လို့ ယူဆထားတဲ့ ဒီပွဲက တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။ အောက်အသင်းဖြစ်တဲ့ လိဒ်ကို အနည်းငယ်ကြိုက်ပေမဲ့ အရမ်းကြီး ကြေးလျော့နေတဲ့ ဂိုးပေါင်းကြေးကြောင့် ဂိုးအောက်က အကောင်းဆုံး နေထိုင်မှု ဖြစ်မယ်လို့ ထင်ပါတယ်။
