၉. ၁၂. ၂၀၂၅
Written by MMAK
◾အင်တာမီလန် Vs လီဗာပူး
လီဗာပူးအသင်းက ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ PSV ကို အိမ်ကွင်းမှာတင် ဂိုးပြတ်ရှုံးခဲ့သလို ပရီးမီးယားလိဂ်မှာ တန်းတက်နှစ်သင်းဖြစ်တဲ့ ဆန်းဒါးလန်းနဲ့ တစ်ဂိုးစီသရေဖြစ်ခဲ့ပြီး လိဒ်အသင်းကို တစ်ဖက် သုံးဂိုးစီနဲ့ သရေသာ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးခံစစ် အရမ်းဆိုးရွားနေတာ တွေ့ရမှာ ဖြစ်သလို တိုက်စစ်ပိုင်းကလည်း ဆာလာကို အရန်ခုံထိုင်ခိုင်းခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတဲ့အပြင် ခြေစွမ်းပိုင်းက အတော်လေး ရုန်းကန်နေရတယ်လို့ ပြောလို့ရပါတယ်။ အင်တာမီလန်က ခြေစွမ်းကောင်းတဲ့အသင်းမျိုး ဖြစ်ပြီး တိုက်စစ်ပိုင်းက ဂိုးရအောင် သွင်းနိုင်သလို ခံစစ်ကလည်း မာကျောမှု ရှိပါတယ်။ ဒီပွဲစဥ်မှာ အင်တာမီလန်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ လီဗာပူးအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ဆို အင်တာကွင်းမှာ နိုင်ပွဲရဖို့မလွယ်ဘဲ သရေနဲ့ အရှုံးသာ ရှိပါတယ်။ အင်တာမီလန်က ထိပ်ဆုံးရှစ်သင်းနေရာကို ဝင်ရောက်ဖို့ နိုင်ပွဲရအောင် ကြိုးစားလာမှာဖြစ်ပြီး လီဗာပူးကတော့ Play-off နေရာကနေ ထပ်ကစားရဖို့ များပါတယ်။ အင်တာကွင်းမှာ လီဗာပူးအသင်းအနေနဲ့ သရေရဖို့တောင် မလွယ်တာကြောင့် အင်တာမီလန် အနိုင်ရသွားပါလိမ့်မယ်။
◾အတ္တလန်တာ Vs ချဲလ်ဆီး
ငါးပွဲစီကစားပြီးချိန်မှာ နှစ်သင်းလုံးဆယ်မှတ်စီရထားပြီး ဂိုးကွာခြားချက်နဲ့ ချဲလ်ဆီးက အဆင့်ခုနစ်မှာ ရပ်တည်နေသလို အတ္တလန်တာကလည်း အဆင့်တစ်ဆယ်မှာ ရပ်တည်ထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းက ကစားသမားအပြောင်းအလဲ လုပ်လိုက်ပြီးဆိုရင် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ဒုတိယဦးစားပေး ကစားသမားတွေ ပွဲထွက်လာရင် ခြေစွမ်းပိုင်း သိပ်မကောင်းပါဘူး။ အတ္တလန်တာအသင်းကတော့ အိမ်ကွင်းမှာ လူစုံထုတ်ပြီး အမှတ်ရဖို့ ကြိုးစားလာမှာ ဖြစ်တာကြောင့် ချဲလ်ဆီးအသင်း ရုန်းကန်ရဖို့ရှိပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ချဲလ်ဆီးက နောက်ပွဲမှာ ပါဖို့လိုအသင်းငယ်လေးနဲ့ ကစားရမှာ ဖြစ်တာကြောင့် သုံးမှတ်သေချာနေသလို ထိပ်ဆုံးရှစ်သင်း မဝင်ရင်တောင် Play – off ကစားရဖို့ သေချာနေတာကြောင့် ဒီပွဲမှာ သရေကျလို့ ရပါတယ်။ အပေါ်မှာပြောခဲ့သလို တိုက်စစ်ပိုင်းနဲ့ နောက်တန်းမှာ ဒုတိယဦးစားပေး ကစားသမား လေးယောက်လောက်ထိ ပွဲထွက်လာခဲ့ရင် ကစားပုံ သိပ်မကောင်းတော့ဘဲ အတ္တလန်တာကွင်းမှာ ခက်ခဲပါလိမ့်မယ်။ ဒီပွဲမှာ အိမ်ရှင်အတ္တလန်တာအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားသလို သရေကျရင်တောင် ပြားငါးဆယ်အနိုင်ရမဲ့ အတ္တလန်တာအသင်းကို ကြိုက်ပါတယ်။






◾စပါး Vs စလားဗီယားပရဂ်
စပါးက ငါးပွဲကစားပြီးချိန်မှာ ရှစ်မှတ်သာရထားပြီး စလားဗီးယားပရဂ်ကတော့ နိုင်ပွဲမရသေးဘဲ သရေသုံးပွဲနဲ့ သုံးမှတ်သာ ရထားပါတယ်။ စပါးအနေနဲ့ ရှစ်မှတ်ရထားတယ်ဆိုပေမဲ့ နောက်ပွဲတွေက ဒေါ့မွန်လို ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ကစားရမှာဖြစ်သလို ဖရန့်ဖတ်လို နိုင်ပွဲရဖို့ ရုန်းကန်လာနိုင်တဲ့ အသင်းမျိုးနဲ့ တွေ့ရမှာ ဖြစ်တာကြောင့် ဒီပွဲကသာ သုံးမှတ်အပြည့်ရဖို့ အကောင်းဆုံးပွဲလို့ ပြောလို့ရတယ်။ အသင်းတွေက ရမှတ် ကွာဟမှု ကျဥ်းမြောင်းနေတာကြောင့် စပါးအနေနဲ့ နိုင်ပွဲရဖို့ လိုအပ်နေပြီး ဒီပွဲနိုင်လိုက်ရင် သေချာပေါက် Play – off ကစားခွင့်ရဖို့ သေချာနေပါတယ်။ ဒီပွဲမှာ စပါးက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ စပါးက အိမ်ကွင်းနှစ်ပွဲလုံးကို အနိုင်ကစားနိုင်ခဲ့ပြီး အဝေးကွင်း သုံးပွဲမှာတော့ နှစ်မှတ်သာ ရယူထားနိုင်ပါတယ်။ ဒီအချက်အရ စပါးက အိမ်ကွင်းမှာတော့ အမှတ်ပြည့်ရအောင် ကစားနိုင်တယ်လို့ သုံးသပ်ရမှာဖြစ်သလို ပေါက်ကြေးအရဆိုရင်လည်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ ကပ်နိုင်ဖို့ ရှိနေပြီး ဂိုးပြတ်သွားမလားဆိုတာတော့ စဥ်းစားစရာ ဖြစ်ပါတယ်။ သုံးမှတ်ရထားတဲ့ စလားဗီးယားပရဂ်အနေနဲ့ကလည်း တိုက်စစ်ဖွင့်ကစားရုံကလွဲပြီး တခြားမရှိတာကြောင့် နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားလာရင် စပါးအသင်းက ဂိုးရဖို့ အခွင့်အရေးပိုများသလို အနိမ့်ဆုံး တစ်ဂိုးအသာလောက်ကနေ စကြည့်ရနိုင်တာကြောင့် ပြားငါးဆယ်ရင်းပြီး အိမ်ရှင်စပါးဘက်က နေထိုင်သင့်ပါတယ်။
◾ ဘာစီလိုနာ Vs ဖရန့်ဖတ်
ငါးပွဲကစားပြီးချိန်မှာ ခုနစ်မှတ်ရထားတဲ့ ဘာစီလိုနာအသင်းအနေနဲ့ အနိမ့်ဆုံးအနေနဲ့ Play – off ကစားရဖို့ သေချာနေပြီး လက်ကျန်နှစ်ပွဲကလည်း စလားဗီးယားပရဂ်နဲ့ ကိုပင်ဟေဂင်တို့လို့ အသင်းတွေနဲ့ ကစားရမှာ ဖြစ်တာကြောင့် သုံးပွဲလုံးသာနိုင်ခဲ့ရင် ထိပ်ဆုံးရှစ်သင်းနေရာတောင် ဝင်သွားနိုင်ပါတယ်။ လေးမှတ်ပဲရထားတဲ့ ဖရန့်ဖတ်အနေနဲ့ နောက်ထပ် ခုနစ်မှတ်လောက်အထိ ရထားမှ အခြေအနေကောင်းမှာ ဖြစ်တဲ့အတွက် အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်ကစားရမဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးငါးဆယ်အရှုံးပေါက်ပါတယ်။ ပေါက်ကြေးပြင်းရှနေတာ တွေ့ရပေမဲ့ ဘာစီလိုနာအသင်း သုံးဂိုးပြတ်မှ ကြေးစားရမှာ ဖြစ်တဲ့အတွက် သုံးဂိုးပြတ်ပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။ ဘာစီလိုနာ ခံစစ်က နောက်ဆုံးလေးပွဲမှာ ရှစ်ဂိုးပေးထားရတာကြောင့် တစ်ပွဲကိုနှစ်ဂိုးနှုန်းလောက် ပေးနေရတာဖြစ်ပြီး တိုက်စစ်ကောင်းလို့သာ ရလဒ်ကောင်းနေတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းကလည်း နိုင်ပွဲရဖို့ ဦးတည်ကစားလာမှာ ဖြစ်သလို တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ဒီပွဲမှာ ဖရန့်ဖတ်အသင်း သေချာ ပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ ဖရန့်ဖတ်အသင်းသာ တစ်ဂိုးရသွားရင် ဘာစီလိုနာကြေးအောင်ဖို့ လေးဂိုးသွင်းရမှာ ဖြစ်ပြီး ဖရန့်ဖတ်အသင်းသာ နှစ်ဂိုးရခဲ့ရင် ဘာစီလိုနာအသင်း ကြေးအောင်ဖို့ ငါးဂိုးသွင်းရမှာ ဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်းက သေချာပေါက် ဂိုးရမယ်လို့ ယူဆထားတဲ့အတွက် ဘာစီလိုနာရဲ့ အနိုင်က ပြတ်သားမယ်လို့ မထင်ပါဘူး။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ ဖရနိ့ဖတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾USG VS မာဆေး
နှစ်သင်းလုံးခြောက်မှတ်စီရထားပြီး Pay – off ကစားခွင့်ရဖို့အတွက် အကြိတ်အနယ်ယှဥ်ပြိုင်လာမဲ့ အသင်းနှစ်သင်းဖြစ်ပါတယ်။ USG က နောက်နှစ်ပွဲမှာ ဘိုင်ယန်မြူးနစ်၊ အတ္တလန်တာတို့နဲ့ ကစားရမှာဖြစ်ပြီး မာဆေးကတော့ လီဗာပူး၊ ကလပ်ဘရုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးက နောက်ပွဲတွေမှာ ပွဲကြပ်နေတယ်လို့ ပြောလို့ရသလို အမှတ်ရရှိမှုကလည်း နှစ်သင်းလုံးအတွက် မလုံလောက်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒီပွဲအနိုင်ရတဲ့အသင်းက Play – off ကစားခွင့်ရဖို့ အခြေအနေကောင်းသွားမှာဖြစ်ပြီး သရေကျသွားရင် နောက်ပွဲတွေမှာ ပိုမိုရုန်းကန်ရမှာပါ။ ဒီပွဲမှာ မာဆေးအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ အမှတ်ရရှိထားမှုအခြေအနေနဲ့ လက်ကျန်ပွဲတွေအရ ဒီပွဲမှာ အရှုံးအနိုင် အဖြေပေါ်သွားနိုင်တယ်လို့ ထင်ပါတယ်။ တစ်သင်းသင်း ဂိုးရတာနဲ့ ကျန်တဲ့အသင်းက တိုက်စ်စဖွင့်ကစားလာနိုင်ပြီး ပထမပိုင်းမှာ တစ်ဂိုးလောက် ရခဲ့ရင်တောင် ပွဲပြီးချိန်မှာ သုံးဂိုးရောက်ဖို့ မခက်ပါဘူး။ ကြားကွင်းမှာ ကစားရမှာ ဖြစ်ပေမဲ့ ဘယ်လ်ဂျီယံနိုင်ငံအတွင်းက ဘောလုံးကွင်းမှာဘဲ ကစားရမှာ ဖြစ်တာကြောင့် အိမ်ရှင် USG ကို အနည်းငယ်ကြိုက်ပေမဲ့ အမှတ်ရရှိထားမှု အခြေအနေအရ နှစ်သင်းလုံးအတွက် အရေးကြီးနိုင်ပွဲ လိုအပ်နေတာကြောင့် ဂိုးပေါ်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပါတယ်။
