

သက်တံ့
၈. ၁၂. ၂၀၂၅
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Game) အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (B) ၏ ဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီခွဲတွင် မလေးရှားအမျိုးသမီးဘောလုံးအသင်းနှင့် မြန်မာအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးအသင်းက မလေးရှားအမျိုးသမီးအသင်းကို သုံးဂိုးပြတ်အနိုင်ရယူကာ ဆီးဂိမ်းပြိုင်ပွဲတွင်နိုင်ပွဲဆက်လက် ရယူနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်းအတွက် ပထမဆုံးအနိုင်ဂိုးကို ပထမပိုင်း ၂၆ မိနစ်တွင် စန်းသော်သော်က သွင်းယူခဲ့ပြီး အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲကစားချိန် ၃၅ မိနစ်တွင် မေထက်လူက သွင်းယူပေးခဲ့ကာ ၆၅ မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ပိုမိုအနိုင်သေချာစေမည့် တတိယဂိုးကို သွင်းယူခဲ့သဖြင့် မြန်မာအသင်းက မလေးရှားအသင်းကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့သော ဆီးဂိမ်းအဖွင့်ပွဲတွင်လည်း ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
