၆. ၁၂. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် ပြည်ပရောက် နိုင်ငံသားများ မဲပေးရန် စတင်ဖွင့်လှစ်ချိန် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ကြိုတင်မဲပေးသူ ဒါဇင်အနည်းငယ်က ၎င်းတို့၏ ဆန္ဒမဲများကို ပေးခဲ့ကြသည်။
မြန်မာအစိုးရသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုတွင် အာဏာသုံးရပ်ကို ရယူခဲ့သဖြင့် မဲမသမာမှုပြုသော အစိုးရဟောင်းထောက်ခံသူများ၏ လက်နက်စွဲကိုင်မှုနှင့်အတူ ဘက်ပေါင်းစုံပါဝင်သည့် ပြည်တွင်းနေရာအနှံ့ စစ်ဖြစ်ပွားမှုအခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။ သို့သော် ရွေးကောက်ပွဲများသည် နိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဆီသို့ ဦးတည်သွားစေလိမ့်မည်ဟု ကတိပြုထားသည်။
အဆင့်လိုက် ရွေးကောက်ပွဲကို ဒီဇင်ဘာလနှောင်းပိုင်းတွင် နိုင်ငံ၏ အချို့သောဒေသများ၌ စတင်ရန် စီစဉ်ထားသော်လည်း ပြည်ပရှိ ဟောင်ကောင်၊ စင်ကာပူ၊ ချင်းမိုင်နှင့် ဘန်ကောက်မြို့များရှိ မြန်မာသံရုံးအချို့တွင် ပြည်ပရောက် နိုင်ငံသားများ၏ ကြိုတင်မဲပေးခြင်းကို စတင်နေပြီဖြစ်သည်။
ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ဘန်ကောက်သံရုံး၌ ရဲတပ်ဖွဲ့ဝင်များ များပြားစွာ တပ်ချထားသည်ကို တွေ့ရပြီး AFP သတင်းထောက်များက မဲပေးသည့် ပထမနှစ်နာရီအတွင်း လူပေါင်း ၂၅ ဦးခန့် စာရင်းပေးသွင်းခဲ့သည်ကို တွေ့ရှိခဲ့သည်။ မဲပေးသူအများအပြားက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ မြို့တော် ဘန်ကောက်တွင် စာရင်းသွင်းထားသော မြန်မာနိုင်ငံသား ငါးသိန်းခန့်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်း (IOM) က ထိုင်းနိုင်ငံတွင် ၄ ဒသမ ၁ သန်းသော မြန်မာနိုင်ငံသားများ နေထိုင်ကြပြီး ၎င်းတို့အနက် များစွာသောသူများသည် စစ်ပွဲကိုရှောင်တိမ်းလာကြသူများဖြစ်ကာ စာရွက်စာတမ်းမရှိသူများဖြစ်သည်ဟု ခန့်မှန်းထားသည်။
Ref : The Straits Time
