၄.၁၂.၂၀၂၅
Written By Thandar
ယနေ့ ဒီဇင်ဘာ ၄ရက် နတ်တော်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားပြီး သားတပည့်ဖြစ်သူ ဆရာတော်အသျှင်ကုမာရက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ သီတင်းသုံး၊ စာဝါလိုက်နေကြတဲ့ သောတုဇနစာသင်သားတွေနဲ့ ဆင်းရဲနွမ်းပါး ဆိုက္ကားဆရာတွေကို ဆန်၊ ဆီ၊ စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။

“နတ်တော်လပြည့်နေ့မှာ ဦးဇင်းအနေနဲ့ ဓမ္မစာဆိုတော်နေ့မှာ နှစ်စဉ်နှစ်တိုင်းလစဉ်လတိုင်း ၁၂ လရာသီပေါ့။ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးကို ဦးထိပ်ထားပြီးတော့ ရဟန်းသံဃာတွေ၊ မယ်သီလရှင်တွေနဲ့ မရှိဆင်းရဲသားတွေကုသိုလ်ပြု အလှူလေးပါ။ပုဂံညောင်ဦးမှာလည်း သစ်သီး ၅၀၀၀၊ ရေချမ်း ၅၀၀၀၊ ဆီမီး ၅၀၀၀၊ ဆက်ကပ်လှူဖြစ်ပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီး တည်ထောင်ထားတဲ့ကျောင်းမှာ သီတင်းသုံးနေတဲ့ စာဝါလိုက်နေတဲ့ ဆရာတော်သံဃာတော်တွေ ဆွမ်းဆန်လောင်းလှူမယ်။ ကျိုက္ကဆံမယ်သီလရှင်တွေ ဆိုက္ကားဆရာတွေပါ ဆန်ဆီအခြေခံစားကုန်တွေလှူဖြစ်ပါတယ်”လို့ ဆရာတော် အသျဇင်ကုမာရက MT Entertainment ကို မိန့်ကြားပါတယ်။

အဆိုပါ လှူဒါန်းမှုမှာ သရုပ်ဆောင် ဧကရီစုစံ၊ သရုပ်ဆောင် မီကိုခန့်၊ အဆိုတော် ကေသီနွယ် အဆိုတော်ရန်ရှင်း၊ ဒီဇိုင်နာအာကာဟိန်း စတဲ့ သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အလိုတော်ကျောင်းမှာ သီတင်းသုံး စာဝါလိုက်နေကြတဲ့ ရဟန်းသံဃာတော် ၁၀၀ ပါး၊ ဆရာလေး သီလရှင် ၅၀ ပါးနဲ့ တစ်နေ့တာဘဝသမားတွေဖြစ်တဲ့ ဆင်းရဲနွမ်းပါးဆိုက္ကားဆရာ ၅၀ တို့ကို ဆန်၊ ဆီ၊ ဘူးသီး၊ ခြောက်ဆွဲခြောက်၊ ကော်ဖီ၊ ဖရုံသီး၊ ဖရဲသီး၊ ဂေါ်ဖီထုပ် စတဲ့ အခြေခံစားကုန်များကို လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့ပြင်ဓမ္မစာဆိုတော်နေ့ ၃၄ ကြိမ်မြောက်အလိုတော်ပြည့်ဗုဒ္ဓပူဇာနိယပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ပုဂံ/ညောင်ဦး ရှေးဟောင်းယဉ်ကျေးမူနယ်မြေမှာလည်း နှစ်စဉ်ကျင်းပလျက်ရှိတယ်လို့သိရပါတယ်။

ဆရာတော် အသျှင်ကုမာရက ၂၀၂၀ ပြည့်နှစ်က စတင်ပြီး လပြည့်နေ့တိုင်း အလှူအတန်းတွေ စဉ်ဆက်မပြတ်လုပ်ဆောင်နေလျက်ရှိတာလည်း ဖြစ်ပါတယ်။
