◾️ ယခုတစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၁၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄၀ မှ ၆၅ ကျပ်အထိ ဈေးနှုန်းကျဆင်း
၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ရှစ်လကျော်တွင် ဒေါ်လာသန်း ၉၅၀ နီးပါး ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်းနှင့် နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းပေးထားသည်။

ယခုဒီဇင်ဘာလ ၃ ရက်တွင် ဒေါ်လာသန်း ၃၀ ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့၍ ယခုဘဏ္ဍာနှစ် ရှစ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်းများအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၉၄၉ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၅၇၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၀၃၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ယခုတစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၁၀ ဝန်းကျင် ကျဆင်းခဲ့ပြီး ဒီဇယ်တစ်လီတာကျပ် ၄၀ မှ ၆၅ ကျပ်အထိ ကျဆင်းခဲ့သည်။
