သက်တန့်
၄. ၁၂. ၂၀၂၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့ရှိ မြေ ၂၅၂ ဧကကျော်အပေါ်တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းရှစ်ကို အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအခြေခံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ရှစ်ခုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် Lot ရှစ်ခုဖြင့် တင်ဒါယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး တည်ဆောက်မည့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၄၀) ရှိ မြေဧရိယာ ၂ ဒသမ ၁၁ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၈)လုံး (Lot-1)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ မြေတိုင်းအမှတ်(၁၀၆)၊ မြေဧရိယာရှိ ၁ ဒသမ ၉၅၈ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး (Lot-2)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၀၇)၊ မြေဧရိယာရှိ ၂၂၃ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၈)လုံးနှင့် နှစ်ထပ် Shop House အလုံး ၂၀ (Lot-3)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၆၅) ရှိ မြေဧရိယာ ၂ ဒသမ ၃ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး (Lot-4)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြေတိုင်းအမှတ်(၉၀) ရှိ မြေဧရိယာ ၂ ဒသမ ၈၉၂ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး (Lot-5)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မြေတိုင်းအမှတ်(၁၂၀) ရှိ မြေဧရိယာ ၄ ဒသမ ၄၇ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၅)လုံး (Lot-6)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၂၀) ရှိ မြေဧရိယာ ၅ ဒသမ ၁၁ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၅)လုံး (Lot-7) နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၂၀) ရှိ မြေဧရိယာ ၁၀ ဒသမ ၅၂ ဧကအပေါ် (၄)ခန်းတွဲ (၆)ထပ်တိုက်(၁၅) လုံးနှင့် Commercial Area -၂ ဒသမ ၇၃ ဧက ( Lot-8) တို့ကို တည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါ တင်ဒါများကို ယနေ့ ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကျောက်တံတားမြို့နယ်၊ (၁၀) ထပ်ရုံး၊ ၈-လွှာ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး တင်ဒါပုံစံနှင့် တင်ဒါအာမခံကြေးငွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပေးသွင်းရမည်ဖြစ်သည်။
တင်ဒါပွဲကျင်းပမည့်နေ့ရက်အား ကြိုတင်အသိပေး အကြောင်းကြားမည်ဖြစ်ပြီး မြေပြင်အခြေအနေအား သိရှိလိုပါက အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ တယ်လီဖုန်းအမှတ် ၀၉ – ၈၈၀၀၁၅၈၁၁ သို့ စုံစမ်းမေးမြန်း၍ ရုံးချိန်အတွင်း သွားရောက်ကြည့်ရှုနိုင်သလို တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ ၁၀ ထပ်ရုံး၊ ၈-လွှာတွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ကာ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အင်ဂျင်နီယာဌာန (အဆောက်အအုံ)သို့ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၉ – ၈၈၀၀၁၅ ၈၁၁ သို့ ဖြစ်စေ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၏ ကြေညာချက်အရ သိရသည်။
