၃၀.၁၁.၂၀၂၅
Written by NYL

ယာယီသမ္မတသည် AFC U-17 အာရှဖလားခြေစစ်ပွဲအောင်မြင်သည့် အမျိုးသားဘောလုံးအသင်းသို့
သိန်း ၁၀၀၀ ချီးမြှင့်လိုက်ကြောင်း MRTV ၏ နိုဝင်ဘာ ၃၀ ရက်၊ ညပိုင်းသတင်းကြေညာမှုတွင် ဖော်ပြခဲ့သည်။









ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု G ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၁၀၀၀)အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
AFC U-17 အာရှဖလားခြေစစ်ပွဲအတွက် မြန်မာ U 17 အသင်းသည် ဆီရီးယား U 17 အသင်းနှင့် နိုဝင်ဘာ ၃၀ ရက်၊ ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားခဲ့ရာ
တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့သည်။
သို့သော် အုပ်စုတွင်း ရှုံးပွဲမရှိရလဒ်ဖြင့် ရမှတ်အများဆုံးရရှိခဲ့သည့် မြန်မာအသင်းအနေဖြင့် ဆော်ဒီနိုင်ငံတွင် ကျင်းပမည့် U-17 Asian Cup ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
AFC U-17 Asian Cup ၏ အုပ်စု G တွင် မြန်မာ၊ ဆီးရီးယား၊ အိုမန်၊ အာဖဂန်နစ္စတန်၊ နီပေါတို့ ပါဝင်ခဲ့ပြီး မြန်မာအသင်းသည် ၄ ပွဲကစား၊ ၃ ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ဖြင့် ရှုံးပွဲမရှိဘဲ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ည်။
