Photo News
၃၀. ၁၁. ၂၀၂၅






AFC U-17 Asian Cup မြန်မာနှင့် ဆီးရီးယား တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့၍ မြန်မာအသင်းအနေဖြင့် ဆော်ဒီနိုင်ငံတွင် ကျင်းပမည့် U-17 Asian Cup ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။
U-17 Asian Cup ပြိုင်ပွဲ၏ ဆီးရီးယား-မြန်မာပွဲစဉ်ကို
နိုဝင်ဘာ ၃၀ ရက်၊ ညနေ ၄ နာရီတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းဘက်မှ ညီညီသန့်က ပွဲချိန် ၁၀ မိနစ်နှင့် အံ့ထူးပိုင်က ပွဲချိန် ၃၄ မိနစ်တွင် ဂိုးများသွင်းယူခဲ့သည်။





ဆီးရီးယားအသင်းဘက်မှ Ahmad Alfaraj က ပွဲချိန် ၁၅ မိနစ်၊ Odey Alfashtaki က ပွဲချိန် ၈၅ မိနစ်တွင် ဂိုးများအသီးသီး သွင်းယူခဲ့သည်။
မြန်မာအသင်း ပါဝင်သည့် အုပ်စု G တွင် မြန်မာ၊ ဆီးရီးယား၊ အိုမန်၊ အာဖဂန်နစ္စတန်၊ နီပေါတို့ ပါဝင်ခဲ့ပြီး မြန်မာအသင်းသည် ၄ ပွဲကစား၊ ၃ ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ဖြင့် ရှုံးပွဲမရှိဘဲ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ခြေစစ်ပွဲအောင်မြင်မည့် မြန်မာအသင်း၏ ယခုပွဲကို ပြည်သူအများအပြားက ကွင်းလုံးပြည့် လာရောက်အားပေးခဲ့သည်။
Photo- NYL , MFF
