၃၀. ၁၁. ၂၀၂၅
Written by MMAK
◾ခရစ္စတယ်ပဲလေ့စ် Vs မန်ယူ
ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲမရှိသေးတဲ့ အသင်းတွေထဲမှာ ပဲလေ့စ်အသင်းလည်း ပါဝင်နေပြီး နှစ်ပွဲနိုင် လေးပွဲသရေနဲ့ သွင်းဂိုးရှစ်ဂိုးနဲ့ ပေးဂိုးငါးဂိုး ရှိထားပါတယ်။ မန်ယူအသင်းကတော့ အဝေးကွင်းခြောက်ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရထားသလို တိုက်စစ်က ရှစ်ဂိုးသာ သွင်းထားနိုင်ပြီး ပေးဂိုးဆယ့်နှစ်ဂိုး ရှိပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ပဲလေ့စ်က ဘော်ဒီကြေး ပြားလေးဆယ် ပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကူညာနဲ့ဆက်စ်ကို မပါနိုင်သလို ပဲလေ့စ်ခံစစ်ကလည်း အာဆင်နယ်ပြီးရင် အကောင်းဆုံးဖြစ်နေပေမဲ့ ဂိုးပေါင်းကြေး အနည်းငယ် မြင့်တက်နေတာကို တွေ့ရပါတယ်။ သို့ပေမဲ့ ပွဲချိန်နီးကပ်လာရင် သုံးလုံးရှစ်ဆယ်စားလောက် ကြေးကျလာနိုင်သလို နှစ်လုံးအရှုံးလောက်တောင် ဖြစ်လာနိုင်ပါတယ်။ အဲဗာတန်အသင်းကိုတောင် တစ်ယောက်ထုတ်နဲ့ ဂိုးပေးခဲ့ရပြီး ချေပဂိုးပြန်မသွင်းနိုင်ခဲ့တဲ့ မန်ယူတိုက်စစ်က ခံစစ်ကောင်းတဲ့ ပဲလေ့စ်အသင်းကို အဝေးကွင်းကနေ ဂိုးအများကြီးသွင်းဖို့ သိပ်မလွယ်ပါဘူး။ ဒီဂိုးပေါင်းကြေးက ကြေးကျလာဖို့များသလို ဂိုးပေါ်ခေါ်နေတယ်လို့ ခံစားရတာကြောင့် ဂိုးအောက်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

◾ချဲလ်ဆီး Vs အာဆင်နယ်
စူပါဆန်းဒေးညအတွက် စောင့်ကြည့်ချင်စရာ အကောင်းဆုံး လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ဒီရာသီမှာ နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ ခြေစွမ်းအရမ်းကိုကောင်းနေပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကရပ်တည်နေသလို ချန်ပီယံလိဂ်မှာလည်း ထိပ်ဆုံးကရပ်တည်နေပါတယ်။ တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာရှိလို့ မပါနိုင်တာတောင် ဂိုးတွေသွင်းပြနိုင်ပြီး အဓိကအချက်ကတော့ အရမ်းကောင်းနေတဲ့ ခံစစ်ပိုင်းကြောင့် ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း အောက်ကနေဖိအားပေးနေပြီး လက်ရှိအချိန်မှာတောင် ခြောက်မှတ်ထိ ပြတ်နေတာကြောင့် ဒီပွဲသာ အာဆင်နယ်နိုင်သွားရင် ချဲလ်ဆီးအသင်းနဲ့ကိုးမှတ်ပြတ်သွားမှာဖြစ်ပြီး မန်စီးတီးနဲ့ ခုနစ်မှတ်ပြတ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံးပေါက်ပါတယ်။ အာဆင်နယ်ကို အာတီတာ ကိုင်တွယ်ပြီးနောက်ပိုင်းမှာ ချဲလ်ဆီးအသင်း ရလဒ်ကောင်းဖို့ ရုန်းကန်ရတာ တွေ့ရပြီး နောက်ဆုံးရှစ်ပွဲဆက် အနိုင်မရခဲ့ပါဘူး။ အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းက အရမ်းကောင်းတာ မှန်ပေမဲ့ ချဲလ်ဆီးအသင်းကလည်း အရမ်းကောင်းတဲ့အသင်းမျိုးနဲ့ဆို အကောင်းဆုံးခြေစွမ်းကို ထုတ်ပြတတ်သလို အိမ်ကွင်းအားသာချက်လည်း ရှိနေပါတယ်။ အာဆင်နယ်နိုင်သွားရင် အမှတ်တွေအများကြီး ပြတ်သွားနိုင်တာကြောင့် ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ သရေကျသွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ချဲလ်ဆီးအသင်းကို ကြိုက်ပါတယ်။

◾ဝက်စ်ဟမ်း Vs လီဗာပူး
နောက်ဆုံးသုံးပွဲဆက် ရှုံးခဲ့ပြီး ခံစစ်က ဆယ်ဂိုးထိပေးခဲ့ရတဲ့ လီဗာပူးအသင်းရဲ့ အဆိုးရွားဆုံး အခိုက်အတန့်တွေကို မြင်တွေ့နေရတာ ဖြစ်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းက နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ ခုနစ်မှတ်ထိ ရယူထားနိုင်ခဲ့သလို နည်းပြနူနိုဆန်းတို့စ်ရဲ့ လက်အောက်မှာ ပုံစံကောင်းရနေတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးပေါက်ပါတယ်။ လီဗာပူးလိုအသင်းကြီးတစ်သင်းအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြသင့်ပြီလို့ ယူဆထားသလို ဒီပွဲသာ မနိုင်ခဲ့ရင် နည်းပြအာနေးစလော့အပေါ်မှာ ကြီးမာတဲ့ ဖိအားဒဏ်တွေ သက်ရောက်လာဖို့ ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းက နောက်ဆုံးသုံးပွဲမှာ ရှစ်ဂိုးထိသွင်းနိုင်ခဲ့တာကြောင့် လီဗာပူးခံစစ်ကို ဂိုးရမယ်ဆိုရင် လီဗာပူးအသင်းလည်း သေချာ ပေါက် ဂိုးပြန်ရမှာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရဖို့တော့ ရှိပါတယ်။ ဂိုးပေါင်းကြေးလည်း ပြင်းရှနေတာကြောင့် အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ထိ တွေ့ရနိုင်ပြီး ပြားနှစ်ဆယ်နဲ့အပြည့်စားနဲ့ရင်းရမဲ့ ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။ နောက်တစ်ခုက လီဗာပူးဘော်ဒီကိုလည်း ကြိုက်တာကြောင့် အပေါ်စုံကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။



◾အက်စတွန်ဗီလာ Vs ဝုဗ်
ဗီလာက နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုကောင်းလာပြီး မထင်မှတ်ထားတဲ့ ပေါက်ကြေးနဲ့လည်း ကြေးအောင်နေပါတယ်။ ဝုဗ်အသင်းက နိုင်ပွဲမရသေးဘဲ နှစ်မှတ်သာရထားပြီး ဇယားအောက်ဆုံးမှာ ရပ်တည်နေသလို တိုက်စစ်က ခုနစ်ဂိုးသာ သွင်းထားနိုင်ပေမဲ့ ခံစစ်က နှစ်ဆယ့်ခုနစ်ဂိုးတောင် ပေးထားရပါတယ်။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ ဒီလိုကြေးမျိုးတွေက အပေါ်စုံအောင်ဖို့ ခက်ခဲတတ်ပြီး ဝုဗ်အသင်း ဂိုးမရနိုင်ဘူးလို့ သတ်မှတ်ရမှာဖြစ်သလို ဗီလာအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ပွဲတိုင်းရှုံးနေတဲ့ ဝုဗ်အသင်းကို ဘယ်ထိုးသားမှ နေရဲမှာ မဟုတ်သလို ဒီပွဲမှာ ဗီလာအသင်းကိုဘဲ ထိုးသားတွေ အကြိုက်များနေပါတယ်။ ဒီအတွက်ကြောင့် ဗီလာနိုင်ရင်တောင် ဂိုးမပြတ်ဘူးလို့ ယူဆထားပြီး ဂိုးအောက်ကတော့ အနေသင့်ဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ ဗီလာအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင် ဂိုးမရှိသရေနဲ့ နှစ်ဂိုး ဇီးရိုးဆိုတဲ့ ရလဒ်မျိုးကို မြင်ရနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်ကိုပဲ ရွေးချယ်ပေးချင်ပြီး ထိုးသားတိုင်းကြိုက်နေတဲ့ ဗီလာဘော်ဒီလည်း တစ်ဂိုးထက်ပိုပြီး အနိုင်ရသွားမယ်လို့ မထင်တာကြောင့် ဝုဗ်ဘော်ဒီကိုတော့ အနည်းငယ် ကြိုက်ပါတယ်။
◾နော်တင်ဟန်ဖောရက် Vs ဘရိုက်တန်
နည်းပြရှောင်ဒိုက်ရဲ့ ဖောရက်အသင်းက နောက်ဆုံးသုံးပွဲဆက် ဂိုးပြတ်တွေနိုင်ထားပြီး လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာတောင် သုံးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ အဆင့်ခုနစ်မှာရပ်တည်နေတဲ့ ဘရိုက်တန်အသင်းက အဝေးကွင်းနိုင်ပွဲ တစ်ပွဲသာရှိထားပြီး တစ်ယောက်လျော့နေတဲ့အသင်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေါက်ပါတယ်။ ဘရိုက်တန်က ကြေးကြောပေးတာ မတွေ့ရသလို အိမ်ရှင်ဖောရက်အသင်းကလည်း ကြေးကြောမပေးထားဘူးဆိုပေမဲ့ ပွဲချိန်နီးကပ်လာရင် ဖောရက်အသင်းက ပြားတစ်ဆယ် သို့မဟုတ် ပြားနှစ်ဆယ်လောက် ပြန်ပေးလာမယ်လို့ ထင်ပါတယ်။ ဖောရက်အသင်းရဲ့ ခြေစွမ်းနဲ့ တိုက်စစ်ပိုင်းက ပိုကောင်းနေပြီး အိမ်ကွင်းလည်း ဖြစ်တာကြောင့် ဖောရက်အသင်း မရှုံးနိုင်ဘူးလို့ ယူဆပါတယ်။ ပွဲချိန်နီးကပ်လာပြီး လူစာရင်းထွက်လာလို့ ဖောရက်အသင်းကသာ ကြေးကြောပြန်ပေးခဲ့မယ်ဆိုရင် အိမ်ရှင်ဖောရက်အသင်း နိုင်ရင်တောင် နိုင်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ခြေစွမ်းပိုကောင်းတဲ့ အိမ်ရှင်ဖောရက်ကို ကြိုက်ပါတယ်။
