၂၄.၁၁.၂၀၂၅
Written By Thandar





၁၉၇၀ ပြည့်နှစ်က ဇာတ်ကို အခြေခံထားတဲ့ မိသားစုဒရာမာဇာတ်လမ်းပုံစံ “မောင့်မြဒါလီ” ဇာတ်လမ်းတွဲ Media Press Show ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဆရာမောင်သိန်းဆိုင် ဝတ္ထုကို ရိုက်ကူးခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဇာတ်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ဇာတ်ပို့နေရတာမဟုတ်ဘဲ အဓိကနေရာ အခန်းကဏ္ဍတွေပါဝင်ခဲ့ရတဲ့ ဇာတ်ပုံစံလေးပါ။ ကျွန်တော့်အတွက် အမှတ်တရအနေနဲ့ ကိုယ်တိုင်ပုံဖော်ခွင့်ရလို့လည်း ကျေနပ်မိပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။
အဆိုပါ ဇာတ်ကားက ဝတ္ထုမောင်သိန်းဆိုင်၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ ဒါရိုက်တာ အကယ်ဒမီ ခန့်စည်သူက
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီခန့်စည်သူ၊ သုတအောင်၊ ကောင်းစစ်သွေး၊ ဟိန်းဇော်ထက်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ နေရည်ဝင်းလဲ့၊ မေသက်ကျော်၊ သျှား၊ မေမြတ်နိုးသွယ်၊ အကယ်ဒမီဝါဝါအောင် စတဲ့သူတွေနဲ့ အကောင်းဆုံးပုံဖော် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
“သျှားက နှစ်ပတ်လောက်ပဲ ပြင် ဆင်ချိန်ရခဲ့တဲ့ ကားလို့လည်း ပြောလို့ရပါတယ်။ နေ့တိုင်းလည်း အရမ်းငိုခဲ့ရပါတယ်။ ဒီဇာတ်ကားက ကိုယ့်တော်တော်သရုပ် ဆောင်ပိုင်းတွေ တိုးတက်လာပါတယ်။ ခင်စပယ်လှိုင်က ရူးသလိုလို မရူးသလိုလိုလေး ဖြစ်ခဲ့ပါတယ်ပေါ့နော်။ ပရိသတ်တွေ မရိုးမရွလေးနဲ့ မြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် သျှားက ပြောပါတယ်။
“မောင့်မြဒါလီ” ဇာတ်လမ်းတွဲကို မနက်ဖြန် နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ည ၈ နာရီ ၅၀ အချိန်မှာ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
