၂၄.၁၁.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ပက်ရှ်ဝါမြို့မှာ အကြမ်းဖက်အသေခံဗုံးခွဲသမား နှစ်ဦးက ပါကစ္စတန်အပျော်တန်းတပ်ဖွဲ့ဌာနချုပ်တစ်ခုကို နိုဝင်ဘာလ ၂၄ ရက်မှာ အသေခံဗုံးခွဲတိုက် ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ လုံခြုံရေးအရာရှိသုံးဦးသေဆုံးပြီး အနည်းဆုံး လူ ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပက်ရှ်ဝါမြို့ရှိ ဖက်ဒရယ်အပျော်တန်း ရဲတပ်ဖွဲ့ဌာနချုပ်ကို လာရောက် တိုက်ခိုက်သူတွေက လက်နက် ကိုင်ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့က BBC သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အုပ်စုကမှ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ မပြောကြသေးပါဘူး။
ရဲတပ်ဖွဲ့ဌာနချုပ်အဆောက်အအုံက ပက်ရှ်ဝါမြို့ရှိ လုံခြုံရေးမြင့်မားတဲ့နေရာမှာတည်ရှိလို့ အကြမ်းဖက် တိုက်ခိုက်သူတွေဟာ အဆောက်အအုံအတွင်းရောက်ရှိဖို့ လုံခြုံရေးအဆင့်များစွာကို ချိုးဖောက်ရမှာ ဖြစ်ပါတယ်။
မျက်မြင်တွေ့ရှိသူတွေက နိုဝင်ဘာလ ၂၄ ရက် ဒေသစံတော်ချိန်နံနက် ၀၈း၁၀ နာရီ (၀၃း၁၀ GMT) မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှစ်ခုကို ကြားခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေကို ပြောခဲ့ကြပါတယ်။
အကြမ်းဖက်မှု ဖြစ်ပွားတဲ့နေရာကို ပိတ်ဆို့ထားပြီး ကယ်ဆယ်ရေးအဖွဲ့တွေလည်း လက်ရှိမှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်တဲ့နေရာကို ရောက်ရှိလာကြပါတယ်။ လုံခြုံရေးအရာရှိ ငါးဦးနဲ့ အရပ်သား ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်အာဏာပိုင်တွေက တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တဲ့ အကြမ်းဖက်ကြံစည်မှုအဖြစ် ဖော်ပြခဲ့ပြီး တိုက်ခိုက်သူတွေဟာ အဆောက်အအုံထဲ မဝင်ရောက်နိုင်မီ ဂိတ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ပြောခဲ့ကြပါ တယ်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က ဒီဖြစ်ရပ် ကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး တရားစီရင်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ပက်ရှ်ဝါမြို့ဟာ အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်မှာ တည်ရှိတဲ့ ခိုင်ဘာ ပတ်တွန်ကွာပြည်နယ်မှာရှိပြီး စစ်သွေးကြွအကြမ်းဖက်မှုတွေ ကြာရှည်စွာ ဖြစ်ပွားခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။
Tehreek-i-Taliban Pakistan အဖြစ်လည်း လူသိများတဲ့ ပါကစ္စတန်တာလီဘန်အုပ်စုဟာ ထိုပြည်နယ်အတွင်းမှာ လှုပ်ရှားနေပြီး နိုင်ငံတစ်ဝန်းမှာ အလားတူတိုက်ခိုက်မှုတွေကိုပြုလုပ်ခဲ့တာပါ။
Re-bbc
