၂၃. ၁၁. ၂၀၂၅
Written by MMAK
◾ အာဆင်နယ် Vs စပါး
မြောက်လန်ဒန်ဒါဘီပွဲစဥ်တစ်ခုဖြစ်သလို စူပါဆန်းဒေးညရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံးပွဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဒီပွဲပြီးရင် ကြားရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာဖြစ်ပြီး နောက်အပတ်မှာတော့ ချဲလ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲတွေကို ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ ခြေစွမ်းအရမ်းကောင်းနေတဲ့ အာဆင်နယ်အသင်းက အသင်းကြီတွေနဲ့ ဆက်တိုက်ကစားရပြီး ခြေစွမ်းအမှန်ကို စာမေးပွဲစစ်မဲ့ ပွဲစဥ်တွေဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားပေါက်ပါတယ်။ စပါးကို ဒီကြေးပေးတာ ပြင်းတယ်ဆိုပေမဲ့ ဂိုးပေါင်းကြေးက ပျော့နေပြန်တာကြောင့် ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဂါဘရီရယ်၊ တိုက်စစ်မှူး ယိုကာရက်တို့ မပါနိုင်သလို နောက်ထပ်လေးယောက်လောက်ထိ ဒဏ်ရာပြဿနာရှိနေပါတယ်။ ဒီပွဲပြီးရင် အာဆင်နယ်က ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာဖြစ်သလို စပါးကလည်း PSG နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာ ဖြစ်တယ်။ ဒီပွဲစဥ်မှာ ဂိုးရတဲ့အသင်းက ခံစစ်ပိတ်ကစားပြီး ထိန်းသွားနိုင်တာကြောင့် ဂိုးအောက်ကို အကြိုက်တွေ့နေပြီး အာဆင်နယ်အသင်းရဲ့ အနိုင်ရလဒ်က မပြတ်သားနိုင်ဘူးလို့ ယူဆတာကြောင့် စပါးဘော်ဒီကိုလည်း အနည်းငယ် အကြိုက်တွေ့ပါတယ်။

◾လိဒ် Vs ဗီလာ
တန်းတက်လိဒ်က ရှေ့မှာ နှစ်ပွဲဆက်တိုက် ရှုံးထားခဲ့သလို ဒီပွဲမှာ ဆက်ရှုံးခဲ့ရင် သုံးပွဲဆက်တိုက် ရှုံးမှာဖြစ်ပါတယ်။ ဒီပွဲပြီးရင် မန်စီးတီး ၊ ချဲလ်ဆီးနဲ့ လီဗာပူးတို့လို အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာ ဖြစ်တဲ့အတွက် အခုကစားမဲ့ ဗီလာနဲ့ပွဲကိုသာ ထပ်ရှုံးခဲ့ရင် ခြောက်ပွဲဆက်တိုက် ရှုံးပွဲတွေ့သွားနိုင်တယ်လို့ သုံးသပ်ရမှာ ဖြစ်တယ်။ ဒီအချိန်မှာ ဗီလာအသင်းပေးထားတဲ့ ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးကလည်း နိုင်ကြေးမဟုတ်ဘူးလို့ သုံးသပ်ရမှာ ဖြစ်ပြီး ဂိုးပေါင်းကြေးကတော့ နှစ်လုံးခြောက်ဆယ်အရှုံးပေါက်ပါတယ်။ လိဒ်အသင်းရဲ့ အိမ်ကွင်းငါးပွဲကို သုံးသပ်ကြည့်ရမှာ စပါးအသင်းကိုသာ ရှုံးခဲ့ပြီး နှစ်ပွဲနိုင်ကာ နှစ်ပွဲသရေဖြစ်ထားတာကြောင့် အိမ်ကွင်းခြေစွမ်း မဆိုးဘူးလို့ သုံးသပ်ရမှာဖြစ်တယ်။ ဗီလာနဲ့ အဆင့်တူအသင်းတွေဖြစ်တဲ့ နယူးကာဆယ်နဲ့ ဘုန်းမောက်တို့ကို သရေကစားနိုင်ခဲ့ပြီး အဲဗာတန်ကို အနိုင်ရအောင် ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဗီလာအသင်းအနေနဲ့ တန်းတက်အသင်းဖြစ်သလို တန်းဆင်းဇုန်ထဲက လိဒ်လိုအသင်းကို အနိုင်ရမယ်ဆိုရင် အနိမ့်ဆုံးအနေနဲ့ ပြားငါးဆယ်လောက်ကို ပေးကိုပေးရမှာဖြစ်ပါတယ်။ လက်ရှိပေါက်ကြေးက အနည်းငယ်ပျော့နေပြီး လိဒ်အသင်းရဲ့ အိမ်ကွင်းရုန်းအားကိုလည်း မြင်တွေ့ရနိုင်တဲ့အတွက် လိဒ်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားသလို အနိုင်ရချင်တောင် ရသွားနိုင်တာကြောင့် လိဒ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
◾အင်တာမီလန် Vs အေစီမီလန်
မီလန်ဒါဘီပွဲစဥ်ဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲဖြစ်တာကြောင့် တနင်္ဂနွေညရဲ့ စောင့်ကြည့်ရမဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ဆန်စီရိုကွင်းကို နှစ်သင်းလုံးရဲ့ အိမ်ကွင်းအဖြစ် ကစားကြတာကြောင့် ဒီနှစ်သင်းထိပ်တိုက်တွေ့ရင် အိမ်ကွင်းတွေ အဝေးကွင်းတွေရယ်လို့ သတ်မှတ်မထားဘဲ အနိုင်ရလဒ်ကို ဦးတည်ကစားကြတာမျိုး တွေ့ရပါတယ်။ လက်ရှိခြေစွမ်းအရဆို အင်တာမီလန်က အနည်းငယ်အသာရပေမဲ့ အေစီမီလန်ကို နောက်ဆုံးငါးပွဲဆက် အနိုင်မရခဲ့ပါဘူး။ ဒီပွဲစဥ်မှာ အင်တာမီလန်အသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ခုနစ်ပွဲမှာ ငါးပွဲဂိုးပေါ်ခဲ့ပြီး ဂိုးအောက်ခဲ့တဲ့ နှစ်ပွဲကလည်း တစ်ဖက်တစ်ဂိုးစီနဲ့ ပွဲပြီးခဲ့တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရလေ့ရှိပါတယ်။ ဒီပွဲစဥ်မှာ အင်တာမီလန်အသင်းအနေနဲ့ နိုင်ပွဲပြန်ရအောင် ကြိုးစားလာနိုင်တာကြောင့် အင်တာမီလန်ဘော်ဒီကို အကြိုက်တွေ့သလို ဂိုးပေါ်ကိုလည်း အကြိုက်တွေ့တာကြောင့် အင်တာဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။

◾အယ်ချီ Vs ရီးရဲမက်ဒရစ်
တန်းတက်လာတဲ့အယ်ချီအသင်းက ရာသီအစမှာ ခြေစွမ်းအနည်းငယ်ကောင်းပေမဲ့ နောက်ဆုံးငါးပွဲမှာတော့ နိုင်ပွဲမရထားဘဲ သုံးပွဲရှုံးပြီး နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ ရီးရဲအသင်းက ချန်ပီယံလိဂ်မှာ လီဗာပူးကို ရှုံးခဲ့သလို လာလီဂါမှာလည်း ဗလက်ကာနိုအသင်းကို သရေကျခဲ့တာကြောင့် ဒီပွဲမှာ ရီးရဲမက်ဒရစ်အသင်း နိုင်ပွဲပြန်ရဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒီပွဲစဥ်မှာ ရီးရဲက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးပေါက်ပါတယ်။ ပေါက်ကြေးနဲ့ လက်ရှိအခြေအနေအရ ရီးရဲအသင်း အနိုင်ရသွားဖို့ များပေမဲ့ ဂိုးပြတ်မလား မပြတ်ဘူးလားဆိုတာဘဲ စောင့်ကြည့်ရမယ် ထင်ပါတယ်။ ပွဲချိန်နီးကပ်လာလို့ ရီးရဲအသင်းရဲ့ ဘော်ဒီကြေးသာ တစ်လုံးအရှုံးလောက်ထိ မြင့်တက်လာမယ်ဆိုရင် ဂိုးပြတ်သွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်သွားပါလိမ့်မယ်။ ကြားရက်မှာ ချန်ပီယံလိဂ် ကစားရဖို့ရှိပေမဲ့ အိုလံပီယာကော့စ်လို အသင်းငယ်လေးနဲ့ ကစားရမှာ ဖြစ်တာကြောင့် ဒီပွဲကိုဘဲ အပြည့်အဝ အာရုံစိုက်လာနိုင်တာကြောင့် ရီးရဲအသင်းရဲ့ အနိုင်က ပြတ်သားသွားမယ်လို့ ထင်ပါတယ်။ အနိုင်တစ်ဂိုးသေချာနေပြီး ပြားခြောက်ဆယ်အထိ ရင်းရမှာဖြစ်ပေမဲ့ ဒီပွဲမှာ ရီးရဲမက်ဒရစ်အသင်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ဘက်တစ် Vs ဂျီရိုနာ
ဘက်တစ်အသင်းက လူပြန်စုံလာပြီးနောက်ပိုင်းမှာ တော်တော်လေးကောင်းနေပြီး နည်းပြပယ်လီဂရီရဲ့ ကစားကွက်နဲ့ တိုက်စစ်ကစားပုံက တော်တော်လေး ကောင်းပါတယ်။ ဂျီရိုနာက အဝေးကွင်းငါးပွဲကစားပြီးချိန်မှာ နိုင်ပွဲမရသေးဘဲ နှစ်ပွဲသရေ သုံးပွဲရှုံးနဲ့ ခံစစ်က ဆယ့်တစ်ဂိုးပေးထားရပါတယ်။ ဒီပွဲစဥ်မှာ ဘက်တစ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးဆိုပြီး ပြင်းရှစွာ အကြောပေးထားပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ လိုအပ်တာထပ် ပြင်းရှနေပြီး ဒီလိုဘော်ဒီကြေးမျိုးကို ဘက်တစ်အသင်းက မာယေ့ာကာအသင်းကို ပေးခဲ့ဖူးပေမဲ့ ဂိုးပေါင်းကြေးက သုံးလုံးအပြည့်စားလောက် ပေးခဲ့တာ ဖြစ်ပြီး ဒီပွဲဂိုးပေါင်းကြေးကတော့ တော်တော်လေး မြင့်မားတာကို တွေ့ရပါတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အပြန်အလှန်ဂိုးတွေ မြင်ရလေ့ရှိပြီး ဘက်တစ်အသင်းက တိုက်စစ်အသားပေးသလို ဂျီရိုနာကလည်း တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ဒီပွဲမှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်ရမယ်လို့ ထင်ပါတယ် ။ လာလီဂါမှာ ရီးရဲနဲ့ဘာစီကလွဲပြီး တခြားအသင်းတွေ ဂိုးပေါင်းကြေး မြင့်မားတဲ့ပွဲဆိုရင် အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက် မြင်ရရတတ်တာကိုလည်း သတိထားမိပါတယ်။ ဘော်ဒီကြေးပြင်းတဲ့ အိမ်ရှင်ဘက်တစ်စီကနေ နှစ်ဂိုးလောက်ထိ မျှော်လင့်လို့ရတယ်ဆိုရင် ဂျီရိုနာလည်း တစ်ဂိုးလောက် ပြန်သွင်းနိုင်ပါတယ်။ ဒီပွဲစဥ်မှာ အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ထိ မြင်ရဖို့ရှိတာကြောင့် ပြားနှစ်ဆယ်ရင်းပြီး ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
