၂၂ .၁၁. ၂၀၂၅
Written by MMAK
◾ ဘန်လေ Vs ချဲလ်ဆီး
ကြားရက်မှာ နိုင်ငံပွဲတွေ ကစားခဲ့ရသလို ချဲလ်ဆီးအသင်းမှာ ကိုင်စီဒိုနဲ့ ကိုးလ်ပါးမားတို့ မပါနိုင်ကြပါဘူး။ ဒီပွဲပြီးရင် ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ကလည်း ချဲလ်ဆီးအသင်းအတွက် အရေးကြီးနေပါတယ်။ တန်းတက် ဘန်လေက အိမ်ကွင်းငါးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲသရေကျခဲ့ပြီး လီဗာပူးအသင်းကို ကပ်ရှုံးခဲ့တာဖြစ်သလို အာဆင်နယ်အသင်းကိုတော့ နှစ်ဂိုးပြတ်နဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ်စား ပေါက်ပါတယ်။ ဒီလိုပေါက်ကြေးက အပေါ်စုံအောင်ဖို့ မဖြစ်နိုင်ဘဲ အနည်းဆုံးအနေနဲ့ အောက်ကြေးတစ်ခုတော့ ပြန်စားနိုင်ပြီး အောက်စုံလည်း ဖြစ်သွားနိုင်ပါတယ်။ ချဲလ်ဆီးအသင်း တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ ဂိုးပြတ်အနိုင်ရဖို့ ခက်ခဲနိုင်ပြီး တစ်ဖက်တစ်ဂိုးစီသရေကျသွားတာမျိုးလည်း ဖြစ်နိုင််ပါတယ်။ အောက်ကြေးနှစ်ခုမှာ အရမ်းပျော့နေတဲ့ ဂိုးပေါင်းကြေးကြောင့် ဂိုးအောက်ကို ပိုကြိုက်နေပြီး ခံစစ်ပိတ်ကစားလာနိုင်တဲ့ ဘန်လေအသင်းကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဂိုးအများကြီးသွင်းနိုင်ဖို့ ခက်ပါတယ်။ ဒီအတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ လီဗာပူး Vs နော်တင်ဟန်ဖောရက်
လီဗာပူးအသင်းရဲ့ ခြေစွမ်းက အကျဘက်ကို ရောက်နေတယ်လို့ ယူဆထားပြီး ရုန်းကန်နေရတဲ့ ခြေစွမ်းမျိုးကို မြင်တွေ့ထားရပါတယ်။ ဝါရင့်နည်းပြကြီး ရှောင်ဒိုက်ရဲ့ ဖောရက်အသင်းကတော့ ခြေစွမ်းအနည်းငယ် ပြန်ကောင်းလာပြီး နည်းပြရဲ့ကစားဟန်နဲ့ တဖြည်းဖြည်း အသားကျလာတာကို တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပျော့နေပြီး တစ်လုံးအရှုံးထိ မပေးနိုင်ရင်တောင် တစ်လုံးငါးဆယ်အရှုံးနဲ့အထက်ကို ပေးရမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးမှာတော့ အနည်းငယ် ပြင်းရှနေပြီး ဖောရက်အသင်း တစ်ဂိုးရသွားနိုင်တဲ့ ဂိုးပေါင်းကြေးမျိုး ဖြစ်နေပါတယ်။ ဖောရက်အသင်းသာ တစ်ဂိုးရသွားရင် လီဗာပူးအသင်း သုံးဂိုးသွင်းမှ ကြေးအောင်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖောရက်အသင်းက တစ်ဂိုးရသွားမယ်လို့ ယူဆထားပြီး လီဗာပူးအသင်းရဲ့ ဘော်ဒီကြေးကလည်း အနည်းငယ်ပျော့နေတာကြောင့် ဂိုးပြတ်အနိုင်ရသွားဖို့ မလွယ်ပါဘူး။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ နော်တင်ဟန်ဖောရက်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾နယူးကာဆယ် Vs မန်စီးတီး
မန်စီးတီးအသင်းရဲ့ လက်ရှိခြေစွမ်းက တော်တော်လေး ကောင်းနေပြီး ဟာလန်း၊ ဒိုကူနဲ့ဖိုဒန်တို့ရဲ့ အကောင်းဆုံးခြေစွမ်းကိုလည်း မြင်တွေ့ထားရပါတယ်။ နယူးကာဆယ်က အိမ်ကွင်းမှာသာ အနည်းငယ်ကောင်းပေမဲ့ ဂေါ်ဒွန်မပါတဲ့ တိုက်စစ်ပိုင်းက ရုန်းကန်ရနိုင်ခြေ များပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ နယူးကာဆယ်တိုက်စစ်မှာ ဘော်ဒီမာဒါကို အားကိုးနေရပြီး ဂေါ်ဒွန်မပါရင် ညာတောင်ပံက အသက်မဲ့နေတတ်သလို ဘယ်တောင်ပံက ဂျက်ကော့မာဖရေးကလည်း သာမာန်ခြေစွမ်းထက် မပိုပါဘူး။ ကွင်းလယ်အတွဲသုံးယောက်ကတော့ မန်စီးတီးကွင်းလယ်ကို ယှဥ်ကစားနိုင်ပေမဲ့ နောက်တန်းနဲ့ ဂိုးသမားတွေမှာတော့ မန်စီးတီးက ပိုသာပါတယ် ။ မန်စီးတီးအသင်းအနေနဲ့ အဝေးကွင်းဖြစ်နေပေမဲ့ ခြေစွမ်းပိုင်းမှာ အပြတ်အသတ်အသာရထားသလိုကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကလည်း အသာရနေတာကြောင့် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်တဲ့အတွက် မန်စီးတီးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾ ဘုန်းမောက် Vs ဝက်စ်ဟမ်း
ရလဒ်တွေကောင်းနေတဲ့ ဘုန်းမောက်အသင်းက နောက်ဆုံးနှစ်ပွဲဆက် ရှုံးထားပြီး နူနိုဆန်းတို့ရဲ့ ဝက်စ်ဟမ်းအသင်းက နှစ်ပွဲဆက် နိုင်ထားပါတယ်။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စားဆိုပြီး ပြင်းရှစွာ အကြောပေးထားသလို ဂိုးပေါင်းကြေးကလည်း သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ ဒီပေါက်ကြေးအရ အိမ်ရှင်ဘုန်းမောက်အသင်း သေချာပေါက် ဂိုးရမှာဖြစ်သလို နောက်ဆုံးနှစ်ပွဲမှာ ခြောက်ဂိုးသွင်းခဲ့တဲ့ ဝက်စ်ဟမ်းတိုက်စစ်ကလည်း ဂိုးရဖို့ များပါတယ်။ ဝက်စ်ဟမ်းခံစစ်က အရမ်းညံ့သလို ဘုန်းမောက်အသင်းရဲ့ ပြင်းရှတဲ့ ဘော်ဒီကြေးကြောင့် ဘုန်းမောက်အသင်းစီကနေ နှစ်ဂိုးလောက်ထိ မျှော်လင့်လို့ရမယ်ဆိုရင် ဝက်စ်ဟမ်းအသင်းစီကနေလည်း တစ်ဂိုးလောက် ပြန်မြင်ရမယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ တစ်ဖက်ဖက်က ဂိုးရသွားတာနဲ့ တိုက်စစ်ဖွင့်ကစားလာမှာဖြစ်သလို ပထမပိုင်းမှာ တစ်ဂိုးလောက်ရခဲ့ရင် ပွဲပြီးချိန်မှာ သုံးဂိုးရောက်ဖို့ မခက်ပါဘူး။ နှစ်သင်းလုံး ဂိုးရမယ်လို့ ယူဆထားပြီး တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဝုဗ် Vs ခရစ္စတယ်ပဲလေ့စ်
ဝုဗ်အသင်းက နည်းပြပါရဲရားကို ထုတ်ပယ်ခဲ့ပြီး မစ်ဒယ်ဘရော့နည်းပြ ရော့အတ်ဝါ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာကြောင့် နည်းပြသစ်ရဲ့ ပထမဆုံးပွဲမှာ ဘာလုပ်ပြနိုင်မလဲ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ သို့ပေမဲ့ နိုင်ပွဲလုံးဝမရသေးသလို ဆိုးရွားလွန်းတဲ့ ခံစစ်နဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ ကစားသမားတွေက ခြေစွမ်းမာကျောတဲ့ ပဲလေ့စ်အသင်းကို ယှဥ်ကစားနိုင်ဖို့ ခက်ပါတယ်။ ဒီပွဲစဥ်မှာ ပဲလေ့စ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံးပေါက်ပါတယ်။ ဝုဗ်အသင်းရဲ့ ခံစစ်ကြောင်းက တစ်ပွဲကိုနှစ်ဂိုးလောက်ပေးထားရတဲ့အချက်က ပဲလေ့စ်အသင်း သေချာ ပေါက် ဂိုးရနိုင်တဲ့အချက်ဖြစ်ပြီး ပဲလေ့စ်အသင်းသာ ဂိုးရသွားရင် ခံစစ်မာတဲ့ ပဲလေ့စ်အသင်းကို ဝုဗ်အသင်းက ဂိုးပြန်ရဖို့ ခက်ပါတယ်။ ဒီပွဲစဥ်မှာ ဝုဗ်အသင်းရဲ့ ရုန်းအားကြောင့် သရေကျသွားနိုင်ခြေ ရှိပေမဲ့ ပဲလေ့စ်အသင်း အနိုင်ရသွားဖို့က ပိုပြီးဖြစ်နိုင်တာကြောင့် ခရစ္စတယ်ပဲလေ့စ် ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘရိုက်တန် Vs ဘရန့်ဖို့
ဘရိုက်တန်အသင်းက အိမ်ကွင်းငါးပွဲမှာ သုံးပွဲနိုင် နှစ်ပွဲသရေကျထားပြီး တိုက်စစ်က ဆယ်ဂိုးသွင်းထားသလို အိမ်ကွင်းရှုံးပွဲ မရှိသေးပါဘူး။ ဘရန့်ဖို့က အိမ်ကွင်းအရမ်းကောင်းပေမဲ့ အဝေးကွင်းအရမ်းညံ့တဲ့အသင်းမျိုးဖြစ်ပြီး အိမ်ကွင်းခြောက်ပွဲကနေ ဆယ့်သုံးမှတ်ထိ ရထားပေမဲ့ အဝေးကွင်းငါးပွဲမှာတော့ သုံးမှတ်သာ ရထားပါတယ်။ ဒီပွဲစဥ်မှာ ဘရိုက်တန်အသင်းက ဘော်ဒီကြေးပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်ပါတယ်။ ဘရန်ဖို့အသင်းက အဝေးကွင်းဆိုရင် ခံစစ်အသားပေး ကစားတတ်ပေမဲ့ တစ်ဂိုးလောက် ပေးလိုက်ရပြီဆိုရင်လည်း ချေပဂိုးရဖို့အတွက် တိုက်စစ် ဖွင့်ကစားတတ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘရိုက်တန် ဂိုးရမယ်ဆိုရင် ဘရန့်ဖို့အသင်းလည်း တစ်ဂိုးလောက် ရသွားနိုင်တာကြောင့် ဂိုးပေါင်းအပေါ်ကို ပိုကြိုက်နေပါတယ်။ ဘရိုက်တန်ဘော်ဒီကိုလည်း အနည်းငယ်ကြိုက်ပေမဲ့ အပေါ်စုံရွေးဖို့ အနည်းငယ်စိုးရိမ်တာကြောင့် ဂိုးပေါင်းအပေါ်တစ်ခုတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ဖူဟမ် Vs ဆန်းဒါးလန်း
တန်းတက်ဆန်းဒါးလန်းရဲ့ လုပ်နိုင်စွမ်းကိုတော့ မဖြစ်မနေချီးကျူးရမယ်လို့ ပြောချင်ပြီး နောက်ဆုံးလေးပွဲမှာ ချဲလ်ဆီးကိုအနိုင်ရပြီး အာဆင်နယ်ကို နှစ်ဂိုးစီသရေကစားထားနိုင်ပါတယ်။ ဖူဟမ်က နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး ငါးပွဲရှုံးခဲ့သလို နည်းပြမာကိုဆေးဗားကိုလည်း ထုတ်ပယ်တော့မဲ့ အရိပ်အယောင်တွေ မြင်တွေ့နေရပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဖူဟမ်က ဘော်ဒီကြေးပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံးပေါက်ပါတယ်။ ပေါက်ကြေးအရနဲ့ ရုန်းကန်လာနိုင်တဲ့ ဖူဟမ်အသင်းတို့ကြောင့် ဖူဟမ်အသင်း အနိုင်ရသွားနိုင်ပေမဲ့ ဆန်းဒါးလန်းအသင်းက ယုံကြည်မှုပိုကောင်းနေနိုင်ပြီး ခံစစ်မာသလို တိုက်စစ်ကလည်း ဂိုးရအောင်သွင်းနိုင်တဲ့အချက်က ဖူဟမ်အသင်း အနိုင်ရဖို့ ခက်နေပြန်ပါတယ်။ ဂိုးပေါင်းကြေးကလည်း တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်တဲ့ ပေါက်ကြေးမျိုး တွေ့ရသလို လက်ရှိခြေစွမ်းအရဆိုရင်လည်း ဆန်းဒါးလန်းအသင်းက ပိုကောင်းနေတာကြောင့် အောက်အသင်းဖြစ်တဲ့ ဆန်းဒါးလန်းဘော်ဒီကို ကြိုက်ပါတယ်။
