၂၂.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံမှာ နိုဝင်ဘာလအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၁၆ ရက်မှစလို့ နိုဝင်ဘာလ ၂၂ ရက်တိုင်အောင်ကာလအတွင်း အနည်းဆုံး လူ ၅၅ ဦး သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေသေးတဲ့ လူတစ်ဒါဇင်ကျော်ကို ရှာဖွေဖို့ အလျင်အမြန် လုပ်ဆောင်နေကြရဆဲဖြစ်တယ်လို့ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်မှာ ကြေညာခဲ့ကြပါတယ်။
အောက်တိုဘာလကုန်မှစလို့ ဗီယက်နမ်တောင်ပိုင်း-အလယ်ဘက်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လူကြိုက်များတဲ့ အားလပ်ရက် အပန်းဖြေနေရာတွေဟာ ရေလွှမ်းမိုးမှု အကြိမ်များစွာ ကြုံတွေ့ခဲ့ရပါတယ်။


ကမ်းရိုးတန်း နာထရန်မြို့မှာ အခုအပတ်မှာ မြို့တွင်းလမ်းတွေ ရေလွှမ်းမိုးခံခဲ့ရပြီး ဒါလတ် ခရီးသွား ဗဟိုချက်အနီးရှိ ကုန်းမြင့်ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်မှ စလို့ ပြည်နယ်ခြောက်ခုမှာ အနည်းဆုံး လူ ၅၅ ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦးကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
တောင်တန်းဒေသ ဒတ်လတ်ပြည်နယ်ဟာ ရေလွှမ်းမိုးမှုကို အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး သေဆုံးသူ နှစ်ဒါဇင်ကျော်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၁ ရက်မှာတော့ ရေကြီးရေလျှံမှုတွေက ရေလွှမ်းမိုးနေတာတွေဟာ စတင်ပြီး ရေပြန်ကျလာလို့ ကယ်ဆယ်ရေးသမားတွေဟာ သစ်ပင်ထိပ်တွေနဲ့ အိမ်ခေါင်မိုးတွေအထိတက်ပြီး ရေကြီးမှုကို ရှောင်တိမ်းနေရတဲ့ပြည်သူတွေကို ပြန်လည်ကယ်ဆယ်နေဆဲဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာလ ၂၂ ရက်အထိ အဝေးပြေးလမ်းမကြီးအတော်များများဟာ ဖြတ်သန်းသွားလာမရဘဲ ရှိနေသေးပြီး လူတစ်သန်းကျော် ကနဦးမှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရာက လူပေါင်း ၃၀၀,၀၀၀ ခန့် လျှပ်စစ် မီး ပြတ်တောက်နေဆဲဖြစ်တယ်လို့ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref : CNA
