၂၂. ၁၁. ၂၀၂၅
Written by Nay Moe
ကန့်ဘလူမြို့မှ မန္တလေးမြို့သို့ ခရီးသွားသူ အမျိုးသမီးသုံးဦးမှာ ခရီးလမ်းတစ်ဝက်တွင် လမ်းဘေးအပေါ့စွန့်ရန်ဆင်းချိန် NUG ဩဇာခံ PDF များ ထောင်ထားသည့် တိုက်မိုင်းကိုနင်းမိရာက သုံးဦးစလုံး မိုင်းစထိမှန်ဒဏ်ရာရခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဦးမြင့်လွင် (၆၂)နှစ် မောင်းနှင်သည့် AD VAN အမျိုးအစား အဖြူရောင်အငှားမော်တော်ယာဉ်ဖြင့် တစ်ရပ်ကွက်တည်းနေ ဒေါ်သူဇာဝင်း (၄၈) နှစ်၊ အမှတ် (၂) ရပ်ကွက်နေသူများဖြစ်ကြသည့် မခင်ငြိမ်းချမ်းအောင် (၂၀) နှစ်၊ မအိသန္တာထွန်း (၂၀) နှစ်နှင့် မောင်ဇေယျာမင်းသန့် (၂၁) နှစ်တို့သည် ကန့်ဘလူမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာစဉ် ရေကြည်ဦးကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာအရောက်၌ မော်တော်ယာဉ်အား ခေတ္တရပ်နားကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ဒေါ်သူဇာဝင်း၊ မခင်ငြိမ်းချမ်းအောင်နှင့် မအိသန္တာထွန်းတို့မှ ကားလမ်းဘေး၌ အပေါ့ဆင်းသွားခဲ့ရာ PDF များ ထောင်ထားသည့် လက်လုပ်တိုက်မိုင်းတစ်လုံးအား ဒေါ်သူဇာဝင်းမှ တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒေါ်သူဇာဝင်းပါ အမျိုးသမီး သုံးဦးတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဒဏ်ရာရရှိ သူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။


NLD ပါတီက မဲခိုးကာ အာဏာရယူရန် ကြိုးပမ်းပြီးနောက် ဥပဒေလမ်းကြောင်းအရ ဖြေရှင်းရန် တောင်းဆိုမှုများကို မျက်ကွယ်ပြုကာ လွှတ်တော်အသစ်နှင့် အစိုးရသစ်ဖွဲ့ရန် အဓမ္မကြံစည်မှုကြောင့် အစိုးရကိုဖြုတ်ချကာ အရေးယူမှုဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိသည့် NLD ပါတီဝင်များက CRPH NUG PDF LPDF နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပြီးနောက် တပ်မတော်ကို တိုက်ခိုက်ရန်ဟုဆိုကာ ပြည်သူများသွားလာရာ နေရာများပါမချန် မြေမြှုပ်မိုင်းများ၊ တိုက်မိုင်းများထောင်ခဲ့မှုကြောင့် ပြည်သူထောင်ချီမှာ ကိုယ်လက်အင်္ဂါထိခိုက်မှုများအပြင် အသက်ဆုံးရှုံးပျက်စီးမှုများစွာလည်း ဖြစ်ပွားခဲ့သည်။
