၂၂. ၁၁. ၂၀၂၅
Photo Nay Yaung Lim
ရန်ကုန်မြို့၊ အင်းလျားရိပ်သာလမ်းရှိ ပညာဘူမိတက္ကသိုလ်သို့ နိုဝင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းက ကြွချီလာသည့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသအား ဖူးမြော်ရန် လာရောက်စောင့်ဆိုင်းသူများပြားခဲ့ပြီး ဆရာတော်ဘုရားကြီးကလည်း ၇ ရက်သားသမီးများ၏ ဓမ္မဒါနကောင်းမှုများအတွက် အပူဇော်ခံခဲ့ကြောင်း သိရသည်။
ထိုသို့ အပူဇော်ခံ၊ ဖူးမြာ်ခံရန် ကြိုတင်စီစဥ်ထားမှုမရှိသော်လည်း ရပ်နီးရပ်ဝေးမှ ပါချုပ်ဆရာတော်ကြီးအား ဖူးမြော်ခွင့်ရရန် လာရောက်သူများပြားလာသဖြင့် ပူဇော်မှုခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လိုင်းပေါ်မှာ တစ်ယောက်က စပြီးတင်လိုက်တာပေါ့နော်။ ဆရာတော်ကြီး ဒီကိုခဏကြွလာမယ်ဆိုပြီး။ ဒီမှာက သိမ်ဆင်းအလှူတစ်ခုအတွက် ဆရာတော်ကြီးက ကြွလာတာပါ။ ဖူးမြော်ဖို့အတွက် ကြိုတင်စီစဉ်နေတာရှိပါတယ်။ အခုဟာက ရုတ်တရက်ကြီးများလာတာမို့ အဆင်မပြေတာများရှိရင် စိတ်မရှိကြပါနဲ့” ဟု ကပ္ပိယတစ်ဦးက ဖူးမြော်ရန်ရောက်ရှိလာသူများကို ပန်ကြားခဲ့သည်။









