သက်တန့်
၂၂. ၁၁. ၂၀၂၅
ကမ္ဘောဒီးယားနယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ ၈၁၅၊ မလိုင်ခရိုင်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၊ ည ၉ နာရီ ၁၀ မိနစ်တွင် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်လာသည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ဘန်တေမီန်းချေးပြည်နယ် ရဲမင်းကြီး ဗိုလ်ချုပ် စစ်လို၏ အမိန့်အရ ကုန်းတွင်းနယ်စပ်ရဲတပ်ရင်း အမှတ် ၈၁၅ ၏တပ်မှူး ဗိုလ်မှူးကြီး ဆွန်ဆောင်း၏ တိုက်ရိုက်ဦးဆောင်မှုအောက်တွင် ဒုတိယတပ်မှူးဦးဆောင်သော မလိုင်တံတားစခန်းမှ ဝန်ထမ်း ၅ ဦး၊ ၅၁ ကြိမ်မြောက် ခြေလျင်တပ်မဟာနှင့် မလိုင်နယ်မြေခွဲတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အလုပ်ရှာရန်အတွက် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် နိုင်ငံခြားသား ၉ ဦး (အမျိုးသမီး ၂ ဦး) ကို တားဆီးဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ယင်း ၉ ဦးတွင် တရုတ်လူမျိုး ၅ ဦး (အမျိုးသား) နှင့် မြန်မာလူမျိုး ၄ ဦး (အမျိုးသမီး ၂ ဦး) တို့ပါဝင်ပြီး ၎င်းတို့ကို ဘန်တေမိန်းချေးပြည်နယ်၊ မလိုင်မြို့နယ်၊ သမိုင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။
သို့သော် အခြားတရုတ်နိုင်ငံသား ၆ ဦးနှင့် ပတ်သက်၍မူ ဖမ်းဆီးရမိမှုဖြစ်စဉ်ကို သတင်းက အသေးစိတ်ဖော်ပြခြင်းမရှိဘဲ အထက်ပါအမှုကို ဆက်လက်ဆောင်ရွက်ရန်အတွက် မလိုင်ခရိုင် ရဲတပ်ဖွဲ့ စစ်ဆေးရေးရုံးသို့ လွှဲပြောင်းပေးခဲ့သည်ဟုသာ ဖော်ပြထားသည်။
Ref : Khmer Times



