၁၉. ၁၁. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသော အဆောက်အဦများ ပြုပြင်ခြင်းစီမံကိန်းအတွက် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီပေါင်း ၅၅ ခုသို့ ချေးငွေစုစုပေါင်း ကျပ် ၉ ဘီလျံခန့် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ သိရသည်။
MCEF မှ အဆောက်အဦများ ပြုပြင်သည့် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အသင်းဝင်ကုမ္ပဏီများအား ချေးငွေထုတ်ပေးခြင်း စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် လိမ္မော်ရောင်အဆင့် အဆောက်အဦများ ပြုပြင်သည့် အသင်းဝင်ကုမ္ပဏီ ၂၇ ခုအတွက် ချေးငွေကျပ် ၄,၁၅၀ သန်းနှင့် အပြာရောင်အဆင့် အဆောက်အဦ ပြင်ဆင်သည့် အသင်းဝင်ကုမ္ပဏီ ၂၈ ခုအတွက် ချေးငွေကျပ် ၄,၇၅၈ သန်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် MCEF မှ အသင်းဝင်ကုမ္ပဏီ ၅၅ ခုသို့ ငလျင်ဒဏ်သင့် အဆောက်အဦများ ပြုပြင်ခြင်းစီမံကိန်းအတွက် ချေးငွေစုစုပေါင်း ကျပ် ၈,၉၀၈ သန်းကျော် (ကျပ် ၉ ဘီလျံခန့်) ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။





