၁၈.၁၁.၂၀၂၅
Written By Thandar
ကွယ်လွန်သူ ဖခင်နဲ့ မိခင်ဖြစ်သူ အကယ်ဒမီ သီဟတင်စိုး၊ အကယ်ဒမီ ဇင်မာဦးတို့ကို ရည်စူးပြီး သားဖြစ်သူ မောင်စစ်နိုင်သီဟဦးက ရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၈ ရက် နံ နက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ဗဟန်းမြိုနယ်၊ အရှေ့ရွှေဂုံတိုင်လမ်းမကြီးရှိ မဟာဝိသုဒ္ဒရာမကျောင်းမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ကို ရဟန်းခံကုသိုလ်ပြုရတာ တော်တော်လေးကို ဝမ်းသာပီတိအရမ်းဖြစ်ရပါတယ်။ ကျွန်တော့်ကို ခုလို ရဟန်းခံပေးတဲ့ မွေးစားအဖေနဲ့အမေရော၊ ဝိုင်းဝန်းပြီး ကုသိုလ်ပြုပေးကြတဲ့ သူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကျောင်းတိုက်က ခင်စံပယ်ဦး မိသားစုအလှူအတန်း အမြဲတမ်းလုပ်တဲ့ ကျောင်းတိုက်လေးပါ။ အမြဲတမ်း ဒီ ကျောင်းလေးမှာ ကုသိုလ်ပြုအလှူလေးလုပ်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ မိဘကျေးဇူးဆပ်တဲ့အနေနဲ့ ရဟန်းခံအလှူက ပထမဦးဆုံးလုပ်တာပါ။ ၁၁ ရက် ကုသိုလ်ပြုသွားမှာပါ ”လို့ အရှင်ဆန္ဒာဓိက@စစ်နိုင်သီဟဦးက မိန့်ကြားပါတယ်။
အဆိုပါ အခမ်းအနားမှာ ကွယ်လွန်သူတွေဖြစ်တဲ့ အကယ်ဒမီ (ဦး)သီဟတင်စိုး၊ အကယ်ဒမီ (ဒေါ်)ဇင်မာဦးတို့ကို ရည်စူးပြီး အလှူဒါယကာ ဦးသွင်ဦးနဲ့ အလှူဒါယိကာမဒေါ်ခင်စန္ဒာ၊ အလှူဒါယကာကိုမျိုးဝင်းနဲ့ အလှူဒါယိကာမ မယမုံဖူး(ကိုမျိုးဝင်း ဆိုင်ကယ်ရောင်းဝယ်ရေး)တို့က သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါစေခြင်း အကျိုးငှာရည်သန်တောင်းဆုအာရုံပြုလျက် ကိုစစ်နိုင်သီဟဦးနဲ့ မပြည့်ပြည့်ဖြိုးရဲ့ ဖခင် ဦးလှမိုး၊ ဦးသီဟတင်စိုး၊ ဒေါ်ဇင်မာဦးတို့ရဲ့ သားလှရတနာ မောင်စစ်နိုင်သီဟဦး (အရှင်ဆန္ဒာဓိက) တိုကို ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ ဥပသမ္ပဒကံ ဆောင်မြင့်မြတ်သော ရဟန်းဘောင်သို့သွတ်သွင်းချီမြှင့်ပေးခဲ့ပါတယ်။
ဒါ့ပြင် ကိုစစ်နိုင်သီဟဦးနဲ့ မပြည့်ပြည့်ဖြိုးတို့ရဲ့ သား မောင်နိုင်လင်းခန့်ကိုလည်း ရှစ်ပါးပရိက္ခရာ စုံဝေစွာနဲ့ ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းအစရှိတဲ့ ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်ကာ မဟာဝိသုဒ္ဒရာမကျောင်းတိုက်ရှိ ဆရာတော်သံဃာတော် အရှင်သူမြတ်တွေနဲ့ ကိုရင်လေးတွေနဲ့ အပါး ၂၀ ကို သိမ်ဆင်းလောင်းလှူခဲ့ပါတယ်။
ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေက တရားတော်နာယူခဲ့ပြီး ရေစက်သွန်းချတရားတော်နားယူခဲ့ကြသလို အကယ်ဒမီ သီဟတင်စိုး၊ အကယ်ဒမီ ဇင်မာဦးတို့ကို အမျှအတန်းတွေ ပေးဝေခဲ့ကြပါတယ်။
#စစ်နိုင်သီဟဦး #ပြည့်ပြည့်ဖြိုး #သီဟတင်စိုး #ဇင်မာဦး #SittNaingThihaOo #PyaePyaePhyo #ThihaTinSoe #ZinMarOo #အလှူတော်မင်္ဂလာအခမ်းအနား #မဟာဝိသုဒ္ဒရာမကျောင်းတိုက်













