၁၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်-မန္တလေးခရီးစဉ်အား ဘတ္ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နိုင်ဝင်ဘာ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
နေပြည်တော်-မန္တလေးနှင့် မန္တလေး- နေပြည်တော်ခရီးစဉ်များကို ဘတ္ထရီလျှပ်စစ် စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လက်ရှိ RBE များဖြင့် ပြေးဆွဲနေသော အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။
အဆိုပါ ဘတ္ထရီလျှပ်စစ်စက်ခေါင်းသုံးရထား အမှတ် (၂၇) အဆန်သည် နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၈) အစုန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နံနက် ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
မန္တလေးမှလိုက်ပါလာသည် ခရီးသည်များအနေဖြင့် နေပြည်တော်ဘူတာမှ မွန်တည့် ၁၂ နာရီတွင် ထွက်ခွာမည့် အမှတ် (၈) အစုန် ခေတ်မီ DEMU ရထားဖြင့် ရန်ကုန်သို့ ဆက်လက်ထွက်ခွာနိုင်မည်ဖြစ်သည်။
ထို့အတူ ရန်ကုန်မှလိုက်ပါသည့် ခရီးသည်များအနေဖြင့်လည်း နေပြည်တော်ဘူမှတစ်ဆင့် အထက်ပါ မန္တလေးသို့ ဆက်လက်၍ ဘတ္ထရီလျှပ်စစ် စက်ခေါင်းဖြင့် ပြေးဆွဲမည့်ရထားတွင် ချိတ်ဆက်စီးနင်းနိုင်ကြောင်း သိရသည်။
မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် လက်မှတ်ခ နှုန်းထားမှာ ရိုးရိုးတန်းငွေကျပ် ၁၅၀၀၀၊ အထက်တန်းငွေကျပ် ၂၀၀၀၀ ဖြစ်ပြီး ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
