




၁၂.၁၁.၂၀၂၅
Written By Thandar
W Entertainment ဘက်က စီစဥ်ရိုက်ကူးထားတဲ့ စိတ္တဇဆန်ဆန် လျှို့ဝှက်ဆန်းကြယ် မှုခင်းဒရာမာ ဇာတ်လမ်းပုံစံ “အရိပ်ယောင်များ” ဇာတ်လမ်းတွဲမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ ယမုံနွေ ကာရိုက်တာနဲ့ပါဝင်ထားတယ်လို့ သရုပ်ဆောင် မေဂရေ့စ်က ပြောပါတယ်။
“မေကတော့ အရိပ်ယောင်များ ဇာတ်လမ်းတွဲမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ ယမုံနွေ ကာရိုက်တာ နဲ့ပါဝင်ထားပါတယ်။ ခင်ပွန်းဖြစ်သူတော့ ကိုဟိန်းသန့်ထူး@အေချမ်းမောင် ပေါ့နော်။ ဒီကားရဲ့ဇာတ်လေးက ပရိသတ်မြင်တွေ့နေကြမဟုတ်တဲ့ ဇာတ်ပုံစံမျိုးလေးပါ။ ကိုအေးချမ်းမောင်ကိုတော့ ဗားရှင်းနှစ်မျိုးနဲ့မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ စိတ္တဇဆန်ဆန်နဲ့ လျှို့ဝှက်ဆန်းကြယ် မှုခင်းဇာတ်လမ်းလေးမို့ ထုတ်လွှင့်ရင်လည်း အားပေးဖို့ ပြောချင်ပါတယ်။ မေတို့ အားလုံး ကြိုးစား သရုပ်ဆောင်ထားတာမို့ ကြည့်ရှု့ဝေဖန်ပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မေဂရေ့စ်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲမှာ ဇာတ်လမ်း ဒါရိုက်တာ ဝေယံဖေက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ အေးချမ်းမောင်၊ စိုင်းစည်တွမ်ခမ်း၊ သိန်းလင်းစိုး၊ ရဲထွဋ်မင်းခေါင်၊ မေဂရေ့စ်၊ နှင်း၊ လွန်းခြယ်၊ ပန်းဝတ်မှုန် စတဲ့သူတွေနဲ့ ရိုက်ကူးပါဝင်ထားကြပါတယ်။
“အရိပ်ယောင်များ” ဇာတ်လမ်းတွဲကို မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်မှာ အပတ်စဉ် ကြာသပတေးနဲ့ သောကြာနေ့တိုင်း နံနက်၉ နာရီမှာ Bebee TV နဲ့ အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တို့မှာ ည ၇ နာရီတိုင်း M Channel မှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
