၁၀.၁၁.၂၀၂၅
Written by Hey Mar
ညီအစ်ကိုဝမ်းကွဲနှစ်ဦး အရက်အတူသောက်စားနေရာကနေ စကားများရန်ဖြစ်ပြီး အစ်ကိုဖြစ်သူက ညီဖြစ်သူကို တုတ်နဲ့ရိုက်သတ်တဲ့ဖြစ်စဉ် မနေ့က နိုဝင်ဘာ ၉ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ မကျီးစမ်းကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ စကားများရန်ဖြစ် ရိုက်သတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့ကာ အသက် ၄၀ အရွယ် အစ်ကိုဝမ်းကွဲတော်စပ်သူ အမျိုးသားကိုတော့ ရပ်ရွာဆွေမျိုးတွေက ဝိုင်းဝန်းထိန်းသိမ်းပြီး တာဝန်ရှိသူတွေလက် အပ်ခဲ့တယ်လို့ သိရပါတယ်။
ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာရသေဆုံးအမျိုးသားရဲ့ ရုပ်အလောင်းကို လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်လက်ရယူဖို့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာကနေတစ်ဆင့် ရင်ခွဲရုံဆီ ကူညီပို့ဆောင်ပေးခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်မှာတော့ သေဆုံးသူရဲ့ကျေးရွာ သုသာန်မှာ သင်္ဂြိုဟ်နိုင်ဖို့ ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




