၁၀. ၁၁. ၂၀၂၅
Written by Nay Moe
အများပြည်သူသွားလာရာလမ်းပေါ် PDF ထောင်ထားသည့် မိုင်းကိုနင်းမိသူ ဆိုင်ကယ်စီးအမျိုးသား ပွဲချင်းပြီး သေဆုံးသွားမှု မကွေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကန်ပြား (အနောက်) ကျေးရွာနေ ဦးနေဦး (၃၇) နှစ်သည် ကန်ပြား (အနောက်) ကျေးရွာမှ ဥသျှစ်ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ထွက်ခွာလာစဉ် ရုံးကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာ ရုံးကုန်း-ကွမ်းအိုင်သွား ကျေးရွာချင်းဆက် လမ်းပေါ်အရောက် လမ်းဘေးမှ PDF များထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲခိုးသည့် NLD ပါတီ ဖြုတ်ချခံရပြီးနောက် NLD အမတ်များနှင့် ထောက်ခံသူများက CRPH၊ NUG နှင့် PDF တို့ မွေးဖွားချိန်မှစ တပ်မတော်စစ်ကြောင်းများကို တားဆီးရန်ဟု အကြောင်းပြကာ နိုင်ငံတစ်ဝန်းတွင် ယခင်က မိုင်းမရှိဖူးသော နေရာများတွင်ပါ အများသူငါသွားလာရာနေရာမရှောင် PDF တို့က မိုင်းထောင်သဖြင့် အပြစ်မဲ့ပြည်သူများစွာ နေ့စဥ်သေဆုံးနေရသလို မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းဘေးဒဏ်အသင့်ဆုံး ကမ္ဘာ့နိုင်ငံဖြစ်လာခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် ပြည်သူသေဆုံးရမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
