၈. ၁၁. ၂၀၂၅
Written by MMAK

◾စပါး Vs မန်ယူ
အဆင့်ခြောက်မှာ ရောက်နေတဲ့ အိမ်ရှင်စပါးအသင်းကို မန်ယူအသင်းက အဝေးကွင်းကနေ ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ နောက်ဆုံးတွေ့ဆုံမှု ခုနစ်ကြိမ်မှာလည်း မန်ယူအသင်း နိုင်ပွဲမရထားဘဲ စပါးကဘဲ ငါးပွဲအနိုင်ရကာ နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ ဆယ်ယောက်လောက်ထိ ရှိနေသလို ကြားရက်မှာလည်း ချန်ပီယံလိဂ်ကစားခဲ့ရတာကြောင့် ခဏခဏကစားနေရတဲ့ ပွဲထွက်ကစားသမားတွေ သေချာပေါက် ပွဲပန်းနေပါတယ်။ မန်ယူအသင်းက ခြေစွမ်းအတက်ဘက် ရောက်နေသလို နောက်ဆုံးလေးပွဲဆက် မရှုံးထားပါဘူး။ ဒီပွဲမှာ အထက်ကြေးပြန်ပေးထားတဲ့ မန်ယူအသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး ပြားနှစ်ဆယ်အပြည့်စားနဲ့ရင်းရမယ်လို့ ထင်ပါတယ်။ စပါးခံစစ်ကို မန်ယူတိုက်စစ်က သေချာပေါက် ဂိုးရမယ်လို့ ယူဆထားသလို လက်ရှိပေါက်ကြေးအရ မန်ယူအသင်း နိုင်သွားမယ်လို့တောင် ထင်ပါတယ်။ ဂိုးပေါ်ကိုလည်း အနည်းငယ်အကြိုက်တွေ့တာကြောင့် အရံအနေနနဲ့ ကစားသင့်ပါတယ်။
◾ဆန်းဒါးလန်း Vs အာဆင်နယ်
အာဆင်နယ်က နောက်ဆုံးရှစ်ပွဲဆက် ပေးဂိုးလုံးဝမရှိဘဲ နိုင်ထားတာကြောင့် ခြေစွမ်းအရမ်းကောင်းတာ တွေ့ရသလို ခံစစ်ကလည်း အရမ်းကောင်းတာ တွေ့ရပါတယ်။ တန်းတက်လာတဲ့ ဆန်းဒါးလန်းအသင်းကလည်း အဆင့်လေးတောင်ရောက်နေပြီး အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးပါဘူး။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးပေါက်ပါတယ်။ အာဆင်နယ်ခံစစ်ကြောင့် ဂိုးပေါင်းကြေး ပျော့နေတာကို လက်ခံလို့ရပြီး ဆန်းဒါးလန်းဂိုးမရဘူးလို့ သတ်မှတ်ရမှာပါ။ ဆန်းဒါးလန်းကလည်း သရေတစ်မှတ်ကို ရည်ရွယ်ပြီး ကစားလာနိုင်သလို ခံစစ်ကို အသေပိတ်ကစားပါလိမ့်မယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် ဂိုးမရှိသရေနဲ့တောင် ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။ အာဆင်နယ်တိုက်စစ်မှာ ယိုကာရက်၊ မာတင်နယ်လီ ၊ အိုဒီဂတ်နဲ့ မာဒူကီတို့ ဒဏ်ရာပြဿနာရှိနေတာကြောင့် အာဆင်နယ်အသင်းလည်း ဂိုးရဖို့ခက်ခဲနိုင်သလို တစ်ဂိုးရသွားရင်လည်း အနိုင်ဂိုးကို အသေပိတ်ကစားပါလိမ့်မယ်။ နှစ်သင်းလုံးရဲ့ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရ အပြန်အလှန်ဂိုးတွေ မြင်ရဖို့မရှိဘဲ ဂိုးရခဲ့ရင်လည်း နှစ်ဂိုးထက် မကျော်နိုင်တာကြောင့် ဂိုးအောက်ကို ကြိုက်ပါတယ်။

◾ချဲလ်ဆီး Vs ဝုဗ်
နိုင်ပွဲမရသေးတဲ့ တစ်သင်းတည်းသော အသင်းက ဝုဗ်ဖြစ်ပြီး နှစ်ပွဲသရေနဲ့ ရှစ်ပွဲရှုံးထားကာ ခံစစ်က တစ်ပွဲကို နှစ်ဂိုးနှုန်းလောက် ပေးထားရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကျော်က ကရာဘောင်းဖလားပွဲမှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အရန်ကစားသမားတွေနဲ့ ချဲလ်ဆီးက အဝေးကွင်းကနေ အနိုင်ရသွားပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ချဲလ်ဆီးက ဘော်ဒီကြေးတစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ ဝုဗ်အသင်းကို အိမ်ရှင်ချဲလ်ဆီး သေချာပေါက် နိုင်သွားဦးမယ်လို့ ယူဆထားသလို ဂိုးပြတ်မှာလား မပြတ်ဘူးလားဆိုတာဘဲ စောင့်ကြည့်ရမယ် ထင်ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှာ လီယန်ဒီလပ် ပြန်ကစားလာနိုင်သလို တောင်ပံကစားသမား ဂါနာချိုကလည်း ချဲလ်ဆီးအသင်းရဲ့ ကစားကွက်နဲ့ အံဝင်လာတာကြောင့် အရမ်းညံ့တဲ့ ဝုဗ်အသင်းကို နှစ်ဂိုးပြတ်သွားမယ်လို့ ထင်ပါတယ်။ ပွဲချိန်နီးလာရင် တစ်လုံးအရှုံးလောက်ထိ ကြေးတက်လာနိုင်ပြီး ဝုဗ်နဲ့တွေ့တိုင်း ဂိုးမြူးတတ်တဲ့ ချဲလ်ဆီးတိုက်စစ်ကြောင့် ချဲလ်ဆီးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs ဘန်လေ
သုံးပွဲဆက်အရှုံးကနေ နောက်ဆုံးပွဲမှာတော့ နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ဝက်စ်ဟမ်းကစားသမားတွေနဲ့ နည်းပြနူနိုဆန်တို့စ်တို့ ဖိအားအနည်းငယ် လျော့ကျသွားပြီး ယုံကြည်မှု ပြန်ရလာပါတယ်။ တန်းတက်ဘန်လေက အဝေးကွင်းအရမ်းညံ့သလို ခံစစ်ကလည်း ငါးပွဲမှာ ဆယ့်ငါးဂိုးအထိ ပေးထားရတာကြောင့် တစ်ပွဲကို သုံးဂိုးနှုန်းလောက် ပေးထားရပါတယ်။ ဒီပွဲစဥ်မှာ ဝက်စ်ဟမ်းအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဘန်လေကို အနိုင်ရအောင် ကစားထားဖို့လိုပြီး မနိုင်ရင်တောင် သရေတစ်မှတ်တော့ ရအောင်ကစားနိုင်မယ်လို့ ထင်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းအသင်းအနေနဲ့ တန်းတက်ဘန်လေကို အနိုင်ရနိုင်သလို ပေါက်ကြေးအရလည်း ရွေးရတာတန်ပါတယ်။ သို့ပေမဲ့ ထိုးသားအများစု ဝက်စ်ဟမ်းအသင်းကို အကြိုက်တွေ့နေတဲ့အချက် ဝက်စ်ဟမ်းအသင်း ကြေးအောင်ပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။ ဘန်လေအသင်းသာ တစ်ဂိုးရသွားရင် ဝက်စ်ဟမ်းအသင်းအနေနဲ့ နှစ်ဂိုးပြန်သွင်းပြီး အပေါ်စုံအောင်ဖို့ဆိုတာလည်း ဖြစ်နိုင်ခြေ နည်းလွန်းပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ ယူဆထားသလို ထိုးသားအကြိုက်များတဲ့ ဝက်စ်ဟမ်းအသင်းကို ဆန့်ကျင်ပြီး အောက်အသင်း ဘန်လေကို ကြိုက်ပါတယ်။

◾အဲဗာတန် Vs ဖူဟမ်
အဲဗာတန်အသင်း နှစ်ပွဲဆက်အရှုံးကနေ နောက်ဆုံးပွဲမှာတော့ ဆန်းဒါးလန်းအသင်းနဲ့ သရေကျခဲ့ပြီး တစ်မှတ်ရခဲ့ပေမဲ့ နောက်ပိုင်းပွဲတွေမှာ အဲဗာတန်အသင်းရဲ့ခြေစွမ်း အနည်းငယ်ကျဆင်းလာတာ တွေ့ရပါတယ်။ ဖူဟမ်ကလည်း အဝေးကွင်းငါးပွဲမှာ နိုင်ပွဲမရှိဘဲ တစ်ပွဲသရေနဲ့ လေးပွဲအထိ ရှုံးထားပါတယ်။ ဒီပွဲစဥ်မှာ အဲဗာတန်အသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးပေါက်ပါတယ်။ ဒီညမှာ အာဆင်နယ် ၊ မန်ယူ နဲ့ဝက်စ်ဟမ်းအသင်းတို့ ကြေးအောင်ဖို့ခက်တယ်လို့ ယူဆထားလို့ အထက်ကြေးအောင်စရာရှိရင် ကြေးပျော့ပျော့လေးနဲ့အနိုင်ရသွားနိုင်တဲ့ အဲဗာတန်ပါ။ ပြားငါးဆယ်လောက်သာ ပေးထားတဲ့ အဲဗာတန်ရဲ့ ဘော်ဒီကြေးကို နိုင်ကြေးမဟုတ်ဘူးလို့ ယူဆကြမှာ ဖြစ်တာကြောင့် ဖူဟမ်အသင်းကို ရွေးချယ်ကြပါလိမ့်မယ်။ အဲဗာတန်က အိမ်ကွင်းကောင်းတဲ့အချက်နဲ့ လူစုံပါဝင်လာနိုင်တဲ့အချက်က အနိုင်ရသွားနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အဲဗာတန်အသင်း မရှုံးနိုင်ဘဲ အနိုင်ရစရာရှိရင် အဲဗာတန်အသင်းက အနိုင်ရသွားနိုင်တာကြောင့် အဲဗာတန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
