သက်တန့်
၇. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံမှာ ဒီနေ့ည ကျင်းပနေတဲ့ ONE Friday Fights 132 ပွဲစဉ်မှာ မြန်မာ့ဖိုက်တာ စိုးနောင်ဦးနဲ့ ထိုင်းဖိုက်တာ Maisangngern ပွဲမှာ စိုးနောင်ဦးက အမှတ်နဲ့နိုင်၊ သန့်ဇင်က ခွန်ပွန်နွိုင်းကို လေးပွဲဆက်ရှုံးလို့ One Championship ကို နှုတ်ဆက်ရနိုင်ခြေမှာ ဒုခေါင်ပွဲက မြန်မာ့ကြယ်ပွင့် ကယန်းကျားသစ်မယ် ဘရော်နီကာက Short Notice နဲ့ လူစားဝင် တရုတ်ချန်ပီယံ Li Mingrui ကို လှလှပပ အလဲထိုးအနိုင်ယူ ဆုကြေးတွေရ ထိုင်းနိုင်ငံရဲ့ ပြိုင်စံရှား အမျိုးသမီးချန်ပီယံ စတမ့်ပ်ကို သိက္ခာရှိရှိ ရင်ဆိုင် ဖြစ်စေချင်ပေမဲ့ ထင်ထားသလောက်မဖြစ်ဘဲ ကံကောင်းလို့ အမှတ်နဲ့ နိုင်ခဲ့ပါတယ်။

ဒီပွဲမပြောခင် သမိုင်းတွေ ပြောရရင် မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့သလို ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဖိုက်တာဆုရှင်လည်းဖြစ်ပြီး ထိုင်းဘုရင့်ဖလားလို့ လူသိများတဲ့ Thai Fight Royal Cup -53kg title ချန်ပီယံဆုကိုလည်း ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရော်နီကာဟာ One Championship ဆီကို ဒီနှစ် ဇန်နဝါရီက ရွှေ့ပြောင်းထိုးသတ်ရာမှာတော့ တစ်ပွဲရှုံး၊ တစ်ပွဲနိုင်တဲ့ ရလဒ် ရရှိထားပေမဲ့ ချန်ပီယံအဖြစ် တက်လှမ်းလာနိုင်မယ်လို့ မျှော်လင့်ခံထားရသူပါ။

ဒါပေမဲ့ ဘရော်နီကာပထမဆုံးပွဲ ရှုံးခဲ့သူ ဗီရာက ပိန်ချုံးနေပြီး ရလဒ်လည်း မကောင်းတဲ့ သူဖြစ်ပြီး ဒုတိယမြောက်နိုင်သူကတော့ ONE Championship ရဲ့ ခါးပတ်သုံးခုပိုင်ရှင် ချန်ပီယံဟောင်း စတမ့်ပ်ရဲ့ Fairtex က Junior Fairtex ပါ။
Junior Fairtex ကို ဘရော်နီကာ အလဲထိုးအနိုင်ရချိန်မှာ စတမ့်ပ်က ဘရော်နီကာကို စိန်ခေါ်ခဲ့သလို ဘရော်နီကာက စတမ့်ပ်ကို ထိုးနိုင်ဖို့ ကြားထဲမှာ အနစ်ဆ မက်ဆန်နဲ့တည်ပေးပေမဲ့ ပွဲပျက်သွားချိန် တရုတ်ဖိုက်တာ လီမင်ရွီနဲ့ ပွဲတည်ပေးခဲ့တာပါ။

ပိုဇာတ်နာစရာအဖြစ်လည်းဆယ်ကျော်သက် Junior Fairtex က ဘရော်နီကာ့ကို အလဲထိုးရှုံးအပြီး အနားယူသွားခဲ့ပြန်တာပါ။
ဒါပေမဲ့ လူစားဝင် လီမင်ရွီကလည်း တရုတ်နိုင်ငံမှာ WLF ကစ်ဘောက်ဆင် ချန်ပီယံမို့ ဘရော်နီကာနဲ့ထိုက်တန်တယ်ထင်ရပေမယ့် တကယ့်ပွဲထွက်လာချိန်မှာ လီမင်ရွီက ပုတို ဗိုက်ခေါက်ထွက်နေပြီး ထိုင်းဖိုက်အဆင်မပြေသူပါ။
ဒီလို အဆင်မပြေသူကတောင် ဘရော်နီကာ့ကို KD အပြန်အလှန်ကျအောင် ဆိုင်ထိုးနိုင်တယ်ဆိုတာ စဥ်းစားစရာဖြစ်သလို စတမ့်ပ်ကို ဘရော်နီကာ နိုင်ပါ့မလား တွေးစရာဖြစ်လာတဲ့အပြင် အခုလို ပုံစံနဲ့ကတော့ …..။
