နေမိုး
၇. ၁၁. ၂၀၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မနေ့က နိုဝင်ဘာ ၆ ရက် မနက်ပိုင်းအချိန် တပ်မတော်စစ်ကြောင်းနဲ့ ဘုန်းဘွဲ့ရွာက PDF အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း PDF ၇ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်မှာ တပ်မ ၃၃ နဲ့ ခလရ ၄၂ တပ်ရင်းတို့က အင်အား ၁၀၀ ခန့်ပါဝင်တဲ့ တပ်မတော်စစ်ကြောင်းဟာ PDF တွေ ခြေကုပ်စခန်းချပြီး သိမ်းယူထားတဲ့ ဘုန်းဘွဲ့ရွာက PDF တွေကို ဝင်ရောက်ရှင်းလင်းချိန်မှာ PDF တွေ ထွက်ပြေးကုန်ကြသလို တပ်မတော်က PDF စခန်းတွေ မီးရှို့ရှင်းလင်းအပြီး စိုင်နိုင်လေးရွာကို နိုဝင်ဘာ ၅ ရက်မှာ သွားရောက် ရှင်းလင်းနေချိန် ဘုန်းဘွဲ့ရွာက PDF တွေက တပ်မတော်စစ်ကြောင်း ပြန်ထွက်သွားပြီ အထင်နဲ့ ရွာကို ပြန်ခိုကပ် ခြေကုပ်ယူဖို့ ပြန်ဝင်လာချိန်မှာ စိုင်နိုင်လေးရွာကို နယ်မြေရှင်းလင်းတဲ့ တပ်မတော်စစ်ကြောင်းရဲ့ နောက်ချန်စစ်ကြောင်းက အင်အား ၂၀ လောက်နဲ့ ထိပ်တိုက်တိုးရာက တိုက်ပွဲထပ်ဖြစ်ပြီး ဘုန်းဘွဲ့ PDF ခုနစ်ဦး တိုက်ပွဲအတွင်း ပွဲချင်းပြီး သေသွားကြတာလို့ PDF တချို့နဲ့ PDF ထောက်ခံတဲ့မီဒီယာတချို့မှာ ဖော်ပြကြပါတယ်။
ဖြစ်စဥ်မှာ သေကုန်တဲ့ PDF တွေဟာ ဦးခေါင်းတွေနဲ့ ခန္ဓာကိုယ်အထက်ပိုင်းချည်း ကျည်ထိသေဆုံးထားလို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး အပါအဝင် PDF ထောက်ခံတဲ့ Page တွေက ဘုန်းဘွဲ့ PDF တွေကို အရှင်မိတာဖြစ်ကြောင်း၊ ညှင်းပန်းနှိပ်စက်ပြီးမှ ပစ်သတ်တာဖြစ်ကြောင်း သတင်းမှား ထုတ်လွှင့် ပုံဖျက်နေပေမယ့် NUG PDF ထောက်ခံတဲ့ Exile Media အများစုကတော့ ဘုန်းဘွဲ့ PDF ခုနစ်ယောက်ဟာ တိုက်ပွဲအတွင်းသေတာပါလို့ အတည်ပြု ဖော်ပြနေကြပါတယ်။
