သက်တန့်
၇. ၁၁. ၂၀၂၅
ထိုင်းနိုင်ငံမှာ ဒီနေ့ည ကျင်းပနေတဲ့ ONE Friday Fights 132 ပွဲစဉ်မှာ မြန်မာ့ဖိုက်တာ စိုးနောင်ဦးက ထိုင်းဖိုက်တာ Maisangngern ကို လှလှပပ အနိုင်ယူခဲ့ပေမဲ့ ရှုံးပွဲဆက်နေတဲ့ မြန်မာ့ဖိုက်တာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ Khunponnoi ကို စိတ်ပျက်စရာ စွမ်းဆောင်မှုနဲ့ လေးပွဲဆက် ထပ်ရှုံးပြန်ပါတယ်။
တခဲရုလို ကမ္ဘာ့ချန်ပီယံနဲ့ ထိုးသတ်ခွင့်ရတဲ့အထိ ဂုဏ်တက်ဖူးတဲ့သန့်ဇင်ဟာ အသည်းပါးမှုနဲ့ Fight IQ နိမ့်မှုက သူ့ကို ဆွဲချပြီး ဆူရီယန်လက်ခ်၊ ဂင်ဆန်လက်ခ်တို့ကို ဆက်ရှုံးချိန်မှာ စူပါလက်ခ်တို့ Gym အနီးကပ်ခေါ်ယူသင်ပေးတာမျိုးအထိ ကြိုးစားခဲ့ပေမဲ့ ရလဒ်မလှဘဲ ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးသွားတာပါ။

နည်းနည်းလေးနာသွားတာနဲ့ ဒရာမာချိုးတတ်တဲ့သန့်ဇင်ကို စူပါလက်ခ်တို့လည်း ဗျူဟာသင်ပေးရုံကလွဲရင် ဘာမှတတ်နိုင်ပုံမရဘဲ သန့်ဇင်ဟာ သူအားသာတဲ့ အောက်ခြေကန်ချက်ထုတ်တာ၊ အရင်လို ပေါက်ကွဲဟန်မဟုတ်ဘဲ ခွာထိုးတာကလွဲရင် ဘာမှလုပ်မပြနိုင်ဘဲ ခြေကန်ပြီး အရှိန်လွန်တာ၊ နည်းနည်းထိရင် ပြာသွားတာတွေ ဆက်ရှိနေပြီး ခွန်ပွန်နွိုင်းကတော့ သန့်ဇင်ရဲ့ အားနည်းချက်တွေ ထိထိမိမိ အသုံးချသွားပါတယ်။

သန့်ဇင်က ဘာမှ လုပ်မပြနိုင်ပါဘူးဆို ဒုတိယအချီမှာ မတော်ရာကိုလည်း အကန်ခံရ၊ ခွန်ပွန်နွိုင်းရဲ့ ထိုးချက်ထိချက်တွေကလည်း သူ့ကိုတော်တော် ထိရောက်တာ သူ့ကိုယ်သူ သိနေတဲ့ သန့်ဇင်က ဒိုင်အဆုံးအဖြတ်မတိုင်ခင်ကို ခေါင်းငိုက်စိုက်ကျနေသလို လေးပွဲဆက်ရှုံးပြီး အသည်းပါးလှတဲ့သန့်ဇင် One Championship မှာ ဆက်မြင်ရဖို့ဟာ မလွယ်တော့ဘဲ ထွန်းမင်းနိုင်လို မှေးမှန်ပျောက်ကွယ်သွားတော့မလားဆိုတာကတော့ ….။
