
၄. ၁၁. ၂၀၂၅
Photo by Nay Yaung Lin
တန်ဆောင်မုန်းလရဲ့ လပြည့်နေ့ဟာ သင်္ကန်းမှာ ကထိန်လိုခေါ်ဆိုကြတဲ့ ကထိန်ခင်းခြင်းရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက် ပဒေသာပင်များလှည့်လည်ပြီး ကထိန်းခင်းမည့်ဘုန်းကြီးကျောင်းသို့ ပဒေသာပင်များ ပို့ဆောင်ကြတာဖြစ်ပါတယ်။

ထေရဝါဒ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ရာသီအလိုက် သင်္ကန်းများကပ်လှူကြရာမှာ သီတင်းကျွတ်လပြည့်ကနေ တန်ဆောင်မုန်းလပြည့်အထိ ကြားတစ်လတာ ကာလအတွင်း ကပ်လှူသော ကထိန်သင်္ကန်းသည် အမြင့်မြတ်ဆုံး အကျိုးအကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

“ကထိန်” သည် “ကထိန” ဟူသောပါဠိကို မြန်မာမှုပြုကာ မြန်မာ ဝေါဟာရသို့ ပြောင်းလဲထားသောအမည်ဖြစ်ပြီး “မြဲမြံခိုင်ခံ့ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။

ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်းစတဲ့ ကထိန်အမှုနှင့်စပ်သမျှ အရာအားလုံးကို ခြုံငုံ၍ ခေါ်ဝေါ်သုံးစွဲသည့်အမည်လည်းဖြစ်ပါတယ်။

ဒါကြောင့်ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ ကုသိုလ်ဒါနအကျိုးများတဲ့ ကထိန်ခင်းခြင်းအတွက် ပဒေသာပင်များလှည့်လည်ပို့ဆောင်နေကြပုံများကို ဖော်ပြလိုက်ရပါတယ်။
