၄. ၁၁. ၂၀၂၅
Written & Photo by NYL
တန်ဆောင်တိုင်ကာလ ရန်ကုန်မြို့၏ နာမည်ကျော် လမ်းမတော်မြို့နယ်ပွဲဈေး(တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်)ကို ၂ ရက်ထပ်တိုးကျင်းပမည်ဖြစ်ကြောင်း သိရသည်။





လမ်းမတော်ပွဲဈေးကို နိုဝင်ဘာ ၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး မူလက နိုဝင်ဘာ ၅ ရက်အထိသာ ပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အစက နိုဝင်ဘာ ၅ ရက်ထိ လုပ်ဖို့ဆိုပေမဲ့ အရင်ရက်တွေ ရာသီဥတုအခြေအနေကြောင့် ၂ ရက်ထပ်တိုးလိုက်တယ်လို့ သိရတယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။






လမ်းမတော်မြို့နယ်ပွဲဈေးကို အနော်ရထာလမ်းပေါ်တွင် ခင်းကျင်းထားကာ လမ်းမတော်လမ်းမှ လမ်းသစ်လမ်းအထိ ပွဲဈေးလျှောက်နိုင်မည်ဖြစ်သည်။
လမ်းမတော်ပွဲဈေးကို ကိုဗစ်ရောဂါစတင်သည့် ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ရပ်နားထားခဲ့ရာ ၂၀၂၄ ဒီဇင်ဘာလတွင် လွတ်လပ်ရေးနေ့အကြို ပြန်လည်ပြုလုပ်ခဲ့သည်။
