၃. ၁၁. ၂၀၂၅
Photo by Nay Yaung Lin

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၄ ရက်) တွင် နံနက် ၆ နာရီမှစတင်ကာ ဘုရားဖူးလာဧည့်ပရိသတ်များ တဖွဲဖွဲလာရောက်ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် မိုးများရွာသွန်းခြင်း၊ မိုးအုံခြင်းများရှိသော်လည်း ဘုရားဖူးကုသိုလ်ပြုသူများပုံမှန်လာရောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်တွင် (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူပွဲဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်၊ ညနေပိုင်းကပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်ရက်လုပ်ခဲ့သည့် ပိတ်သားများကို ဝိနည်းတော်နှင့်အညီ ညတွင်းချင်း သင်္ကန်းချုပ်လုပ်ကာ လပြည့်နေ့အရုဏ်မတက်မီအချိန်တွင် သတ်မှတ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်(၉)ဆူတို့၌ စည်ကားသိုက်မြိုက်စွာပူဇော်ကပ်လှူခဲ့ကြောင်း သိရသည်။

