၁၄.၁၁.၂၀၂၅.
Translated by Htwe Ko Tun

Starbucks ကုမ္ပဏီက ၎င်းကုမ္ပဏီ၏ မကြာသေးမီနှစ်များအတွင်း တန်ဖိုးအရှိဆုံးသော တရုတ်ယူနစ်စီးပွားရေးလုပ်ငန်းအား ရင်းနှီမြှုပ်နှံထားမှုကို ပြန်ရောင်းထုတ်သည့်အနေဖြင့် တရုတ်နိုင်ငံရှိ Starbucks လုပ်ငန်း၏ထိန်းချုပ်မှုကို တရုတ်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Boyu Capital သို့ အမေရိကန်ဒေါ်လာ လေးဘီလျံတန်ဖိုးဖြင့် ရောင်းချမည်ဟု နိုဝင်ဘာလ ၃ ရက် က ပြောကြားခဲ့သည်။
သဘောတူညီချက်အရ ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် Starbucks ၏ လက်လီရောင်းချရေးလုပ်ငန်းများတွင် Boyu မှ ၆၀ ရာခိုင်နှုန်းအထိ အစုရှယ်ယာ ပါ၀င်မည့် ဖက်စပ်လုပ်ငန်းကို လုပ်ကိုင်ကြမည်ဖြစ်သည်။
Starbucks အနေဖြင့် ဖက်စပ်လုပ်ငန်းတွင် အစု ရှယ်ယာ ၄၀ ရာခိုင်နှုန်း ဆက်လက်ပါ၀င်သွား
မည်ဖြစ်ပြီး ကုမ္ပဏီ၏အမှတ်တံဆိပ်နှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ကို လုပ်ငန်းသစ်၌ ဆက်လက်ပိုင်ဆိုင်ခွင့်နှင့် လိုင်စင်ထုတ်ပေးခွင့်ရှိမည်ဖြစ်ကြောင်း ကုမ္ပဏီများက ပြောကြားခဲ့သည်။
Starbucks ၏ ထိမ်းသိမ်းထားသော အစုရှယ်ယာနှင့် လိုင်စင်ဖြင့် လာမည့် ဆယ်နှစ်အတွင်း ဖက်စပ်လုပ်ငန်း၏ ရောင်းချမှုမှ ရရှိသော အမြတ်ငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိမည်ဟုမျှော်လင့်ကြောင်းလည်း Starbucks က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ဆီယက်တဲလ်မြို့အခြေစိုက် Starbucks ကုမ္ပဏီ၏ တရုတ်နိုင်ငံရှိ ဈေးကွက်ဝေစုမှာ မကြာသေးမီနှစ်များအတွင်း Luckin နှင့် Cotti တို့အပါအဝင် ပိုမိုဈေးချိုသော ထုတ်ကုန်များရောင်းချသည့် ဒေသတွင်းကော်ဖီဆိုင်များမှ ပြင်းထန်သော ပြိုင်ဆိုင်မှုများကြောင့် ကျဆင်းသွားခဲ့သည်။
တရုတ်နိုင်ငံတွင် စီးပွားရေးနှေးကွေးမှုကြောင့် စားသုံးသူများအနေဖြင့်လည်း ဈေးနှုန်းချိုသာမှုကို ပိုမိုဦးစားပေးလာကြသည်ဖြစ်ရာ Starbucks အနေဖြင့် ၎င်း၏ကိုယ်ပိုင်စျေးနှုန်းများ မကျဆင်းစေရဘဲ အခြားသော အပြိုင်အဆိုင်များကို ယှဥ်ပြိုင် ရုန်းကန်နေရသည်။
စားသုံးသူအလေ့အထကိုပြောင်းလဲစေသော စီးပွားရေးနှေးကွေးမှုအတွင်း စျေးသက်သာသောထုတ်ကုန်များကို ပေးဆောင်နေသည့် ဒေသတွင်းကော်ဖီဆိုင်များမှ ပြင်းထန်သောပြိုင်ဆိုင်မှုများကြောင့် တရုတ်နိုင်ငံရှိ Starbucks ၏ ဈေးကွက်ဝေစုသည် မကြာသေးမီနှစ်များအတွင်း ကျဆင်းသွားခဲ့သည်။
Starbucks ကုမ္ပဏီပိုင် ကော်ဖီဆိုင်များ၏ ငါးပုံတစ်ပုံကျော်ဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံတွင် ၎င်း၏ စျေးကွက်ဝေစုက ၂၀၁၉ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းသို့ သိသိသာ သာ ကျဆင်းသွားခဲ့ကြောင်း Euromonitor International အချက်အလက်များအရ သိရသည်။
အဆိုပါစိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် Starbucks က ရွေးချယ်ထားသော ကော်ဖီမဟုတ်သည့် အဖျော်ယမကာများအတွက် စျေးနှုန်းများ လျှော့ချခြင်းနှင့် ဒေသအလိုက် ထုတ်ကုန်အသစ်များကို အရှိန်မြှင့်မိတ်ဆက်ခြင်းကဲ့သို့သော အစီအမံများကို အကောင်အထည် ဖော်ခဲ့ကြောင်းပြောခဲ့သည်။
Starbucks သည် ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်ဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံတွင် ကော်ဖီစျေးကွက်ကို ဖန်တီးခဲ့သည်။ ထို့နောက် နှစ်နှစ်အတွင်းတွင် တရုတ်နိုင်ငံ၌ စတိုးဆိုင်အရေအတွက်ကို လေးပုံတစ်ပုံကျော်၊ အရေအတွက်အားဖြင့် ၇,၅၉၄ ဆိုင်သို့ တိုးမြှင့်ခဲ့ကြောင်း ၎င်း၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် တင်သွင်းချက်အရ သိရသည်။
Boyu Capital ကို သမ္မတဟောင်း ကျန်ဇီမင်း၏ မြေး အယ်လ်ဗင်ကျန်း အပါအ၀င်အခြားသူများနှင့်၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။ကုမ္ပဏီသည် ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် စင်္ကာပူတို့တွင် ရုံးများရှိပြီး စားသုံးသူနှင့် လက်လီရောင်း၀ယ်မှုများ၊ ငွေကြေး ဝန်ဆောင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် မီဒီယာနှင့် နည်းပညာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Ref- Reuters
