၃.၁၁.၂၀၂၅
Photo by Nay Yaung Lin





မိုးလေဝသမတည်ငြိမ်မှုကြောင့် ရန်ကုန်မြို့မှာ နေရာကွက်ပြီး မိုးကြီးတာ၊ မိုးရွာတာနဲ့ တစ်ခါတစ်ရံ လေပြင်းတိုက်ခတ်မှုလည်း ဒီရက်ပိုင်းမှာဖြစ်ပွားနေပါတယ်။ ဒီလို အခြေအနေတွေမှာ ရန်ကုန်မြို့နဲ့ ဒလမြို့ကို ဆက်သွယ်ခုတ်မောင်းပေးနေတဲ့ သမ္ဗာန်တွေအနေနဲ့ အရင်ရက်တွေအတိုင်း ခုတ်မောင်းပေးနေကြသလို ခရီးသည်တွေကို Life Jacket တွေ မဖြစ်မနေဝတ်ဆင်စေပြီးမှ မောင်းနှင်ပေးပြီး ခရီးသည် ၁၄ ဦးအစား ၁၀ ဦးသာ တင်ဆောင်ကာ အန္တရာယ်ကင်းဘေးရှင်းရေး ဂရုတစိုက်မောင်းနှင်ပေးလျက်ရှိကြောင်းသိရသလို ဒီလို မိုးလေမတည်ငြိမ်မှုကြားက သမ္ဗာန်တွေနဲ့ ခရီးသည်တွေကို ပို့ဆောင်ပေးနေတာ ရိုက်ကူးဖော်ပြလိုက်ပါတယ်။





