၃.၁၁.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်မြို့တော် ဂျေပူးရ် မြို့မှာ အမှတ် ၁၄ လမ်းမအတိုင်းမောင်းနှင်လာတဲ့
မြေကျောက်သယ် ထရပ်ကားတစ်စီးကအရှိန်ပြင်းစွာနဲ့တခြားကား ၁၇ စီးကို ဆက်တိုက် တိုက်မိမှုတွေနိုဝင်ဘာလ ၃ ရက်၊ မွန်းလွဲ ၁ နာရီမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



အဖြစ်အပျက်မှာ အမှတ် ၁၄ လမ်းအတိုင်းမောင်းလာတဲ့ ထရပ်ကားက ဂျေပူးရ် မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် အနီးမှာ အဝေးပြေးလမ်းမကြီးပေါ်၀င်ဖို့ကြိုးစားခဲ့တာလို့ဆိုပါတယ်။
ဒီမှာ အရှိန်နဲ့မောင်းလာတဲ့ ထရပ်ကားက ဓာတ်ဆီဆိုင်နယ်မြေမှာ တန်းစီနေကြတဲ့ကားတွေကို ၀င်ဆောင့်မိခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၁၃ ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ ဒဏ်ရာရရှိသူတွေအနက် သုံးဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။
Ref-Hindustan Times
