



၃.၁၁.၂၀၂၅
Written By Thandar
နဒီရွှေရည်ထုတ်လုပ်ရေးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “တိုးတိုးလေးချစ်မယ်”ဇာတ်လမ်းတွဲမှာ နှစ်ကိုယ်ခွဲပုံစံ ကာရိုက်တာနှစ်မျိုးနဲ့ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတယ်လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ဆိုပါတယ်။
“တိုးတိုးလေးချစ်မယ်မှာ လီလီက မြရည်သွယ်၊ ပုလဲဖြူဆိုတဲ့ အမွှာညီအစ်မနှစ်ယောက် ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ မြရည်သွယ်ဆိုတဲ့ ကာရိုက်တာလေးကတော့ ဈာန်ရဲ@ပိုင်တံခွန်ဆိုတဲ့ ချစ်ရတဲ့ဇနီး ဇာတ်ကောင်လေးမြင်ရမှာပါ။ တကယ်တော့ ဒီဇာတ်လမ်းတွဲကတော့ ပိုင်တံခွန်ရဲ့ ပထမဆုံး Series ဖြစ်တယ်လို့လည်း ပြောလို့ရတယ်။ နှစ်ယောက်အဆုံခန်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ သုံးပွင်ဆိုင် Romance Drama ဇာတ်လမ်းလေးမို့ ထုတ်လွှင့်တဲ့အခါ ဘယ်လိုပုံစံလေးဖြစ်မလဲဆိုကြည့်ရှု အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း ဒီဒီထက်အောင်၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ ဒီဒီထက်အောင် တို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ ညီနန္ဒ၊ ရဲလွင်ဦး၊ စည်သူရဲ ထွဋ်၊ အောင်ဘုန်းထွဋ်၊ လီလီကျော်ခိုင်၊ Ashwarya Kumar ၊ အမရာဘုဏ်း၊ ခင်သော်တာစံနဲ့ အခြားသရုပ်ဆောင် များစွာ ပါဝင်ထားကြပါတယ်။
“တိုးတိုးလေးချစ်မယ်”ဇာတ်လမ်းတွဲကို ယနေ့ နိုဝင်ဘာ ၃ရက်မှာ စတင်ပြီး တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application ၊ HEY Play YouTube Channel နဲ့ MRTV-4 ရုပ်သံလိုင်းက ည ၈ နာရီ ၅၀ မိနစ်တို့မှာ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
